တရုတ်ရေတပ်က ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ အပြင်းအထန် ပြုလုပ်

တရုတ်ရေတပ်က ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ အပြင်းအထန် ပြုလုပ်

တရုတ် ရေတပ်သည် ထိုင်ဝမ်ကျွန်းအရှေ့ဘက်နှင့် ဂျပန်တောင်ပိုင်းတို့ရှိ ဖိလစ်ပိုင်ပင်လယ်တွင် လွန်ခဲ့ သည့် ရက်အနည်းငယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်အရှေ့ဘက်သို့ Liaoning လေယာဉ်တင်သင်္ဘောအုပ်စုနှင့်အတူ wPLA သည် ထိုင်ဝမ်ကျွန်း အနောက် ဘက်သို့ တရုတ်စစ်လေယာဉ်အမျိုးအစားများစွာနှင့် ထပ်တိုးစစ်သင်္ဘောများကို စေလွှတ်ခဲ့ကြောင်း လေ့လာသုံးသပ်သူများကို ကိုးကား၍ Global Times က ဖော်ပြခဲ့သည်။

လေယာဉ်တင်သင်္ဘောလောင်နင်းနှင့်အတူ Type 055 အကြီးစား ပဲ့ထိန်းဒုံး ကျည်ဖျက်သင်္ဘော ၁ စင်း၊ Type 052D ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော ၃ စင်းနှင့် Type 052C ဖျက်သင်္ဘော ၁ စင်း၊ Type 054A ဖရီးဂိတ်သင်္ဘော ၁ စင်းနှင့် Type 901 အလုံးစုံ ထောက်ပံ့ ရေးသင်္ဘောတို့ပါဝင်သော PLA ရေတပ်သင်္ဘောအုပ်စုသည် အရှေ့တရုတ်ပင်လယ်မှ မီယာကို ရေလက်ကြားကို ဖြတ်၍ ပစိဖိတ် သမုဒ္ဒရာသို့ မေ ၂ရက်တွင် သွားရောက် ခဲ့ကြောင်း မေ ၄ရက်မှ ၇ရက်အထိ ၄ ရက်ဆက်တိုက် စောင့်ကြည့်အစီရင်ခံချက်များကို ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၏ ပူးတွဲစစ်ဦးစီးရုံးက ထုတ်ပြန်ခဲ့သည်။

သင်္ဘောအုပ်စုသည် ထိုင်ဝမ်ကျွန်းအရှေ့ဘက်နှင့် ဂျပန်နိုင်ငံတောင်ပိုင်းရှိ ဖိလစ်ပိုင်ပင်လယ်အတွင်း မေ ၃ ရက်မှ ၆ရက်အထိ လက်နက်ခဲယမ်းများဖြင့် နေ့ရောညပါ ပြင်းထန်စွာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly