ဘိုကလေးမြို့နယ် ကျောင်းစုကျေးရွာတွင် ပျူစောထီးခေါင်းဆောင်ဆိုသူ သေနတ်ဖြင့်အပစ်ခံရ

ဘိုကလေးမြို့နယ် ကျောင်းစုကျေးရွာတွင် ပျူစောထီးခေါင်းဆောင်ဆိုသူ သေနတ်ဖြင့်အပစ်ခံရ

မေ ၁၂

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ညီနောင်ဝကျေးရွာအုပ်စု ကျောင်းစုကျေးရွာတွင် ပျူစောထီးအဖွဲ့ခေါင်း ဆောင်ဟုနာမည်ကြီးနေသည့် ဦးမောင်မြင့်(ခ)မြင့်သူဆိုသူ ယနေ့ မေလ ၁၂ ရက်နေ့ မနက် ၈ နာရီခန့်က သေနတ်ဖြင့်အပစ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ မောင်မြင့်က ပျူစောထီးခေါင်းဆောင်လုပ်နေတဲ့အပြင် သူက အရင်ကတည်းက ကြံဖွတ်ပါတီစည်းရုံး ရေးမှူးပါ။ သူကြောင့် အဖမ်းခံရတာတွေလည်းရှိတော့ PDF တွေ လာပစ်သွားတာဖြစ်နိုင်တယ်။ သေနတ် သံ သုံး၊ လေး ချက်ကြားလိုက်ရပြီး သေမသေတော့ အတိအကျမသိရသေးဘူး” ဟုဒေသခံတစ်ဦးက ပြော သည်။

ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး ကျောင်းစု ကျေးရွာတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ သေနတ်ဒဏ်ရာရရှိသူ ဦးမောင်မြင့်အား ဘိုကလေးဆေးရုံ သို့ ခေါ်ဆောင် သွားကြကြောင်း ဒေသခံ၏အဆိုအရသိရသည်။

“ ကျောင်းစုကျေးရွာမှ ပျူစောထီးခေါင်းဆောင်ကိုမောင်မြင့်ဆိုသူကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုနှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းကာသုတ်သင်ရှင်းလင်းခဲ့သည်” ဟု People's Defense Force Bogale ၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

#Mizzima

#ဘိုကလေးမြို့နယ်

#ပျူစောထီးခေါင်းဆောင်

#ကျောင်းစုကျေးရွာ

#သေနတ်ဖြင့်အပစ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly