ဝက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ဦးသေ၊ PDF ၃ ဦးကျ

By မေဘယ်လ်သူ
09 May 2022
ဝက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ဦးသေ၊ PDF ၃ ဦးကျ

မေ ၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထနှောင်းကိုင်းရွာ အရှေ့ဘက် ကျောက်ခွေတောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီး PDF သုံးဦးကျဆုံးသွားကြောင်း သိရသည်။

မေလ ၇ ရက်နေ့တွင် ရွှေဘိုမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီဘက်မှ အင်အား ၇၀ ခန့်ကို ဝက်လက်မြို့နယ် PDF တပ်ရင်း(၂)နှင့်မဟာမိတ် PDF အဖွဲ့များမှ ညနေ ၃ နာရီ မိနစ် ၂၀ မှစ၍ စတင်ပစ်ခတ်ခဲ့ရာ ၄၅ မိနစ်အကြာ အပြန်အလှန်ပစ်ခက်မှု ဖြစ်ပွားခဲ့ကြောင်း ဝက်လက်မြို့နယ် PDF တပ်ရင်း(၂)က ထုတ်ပြန်သည်။

"တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က စနိုက်ဘာတပ်သားအပါအဝင် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီးတော့ အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့ PDF ဘက်က သုံးဦးကျဆုံးပြီးတော့ နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်တယ်" ဟု ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ကျဆုံး၊ပျောက်ဆုံးနေသော PDF များမှာ ဝက်လက် PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးနှင့် မဟာမိတ် PDF အဖွဲ့များမှ လေးဦးဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ ခမရ(၁၂)နှင့် ပျူစောထီးပူးပေါင်းတပ်သည် မေလ ၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ကုလားမ‌လက်ကောက်ကျရွာမှ မန်ကျည်းသုံးပင်ရွာသို့ စစ်ကြောင်းထိုးလာပြီး အဆိုပါကျေးရွာရှိ ပြည်သူ့နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

Video- ဝက်လက် PDF တပ်ရင်း ၂မှ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာစဉ်

#Mizzima

#စစ်ကိုင်းတိုင်း

#ဝက်လက်မြို့နယ်

#ထနှောင်းကိုင်းရွာ

#တိုက်ပွဲဖြစ်ပွါး

#မီးရှို့ဖျက်ဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly