တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် အခင်းအကျင်းမရှိသည့်အတွက် ဆွေးနွေးပွဲမတက်ဟု ABSDF ထုတ်ပြန်

တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် အခင်းအကျင်းမရှိသည့်အတွက် ဆွေးနွေးပွဲမတက်ဟု ABSDF ထုတ်ပြန်

မေ ၈

တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် ဆွေးနွေးပွဲမတက်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က ထုတ်​ပြန်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ထပ်ဆင့်အသိပေးစာကို မေလ ၂ ရက်နေ့က လက်ခံရရှိခဲ့သည်ဟု ABSDF ကဆိုသည်။

အဆိုပါ ကမ်းလှမ်းချက်တွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ​ABSDFက တရားဝင်ထုတ်ပြန်သည်။

ထို့ကြောင့် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးနိုင်သည့် အဓိပ္ပါယ် ပြည့်၀သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရန်လိုအပ်ကြောင်း ABSDFက ထောက်ပြသည်။

စစ်ကောင်စီခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က လက်မခံဘဲ ပယ်ချထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ၎င်းကိုယ်တိုင်အဖွဲ့ခေါင်းဆောင်များကို တွေ့ဆုံမည်ဟု ကမ်းလှမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required