“လူထုအားဖြင့်သာ စစ်အာဏာရှင်စနစ်ကို ဖြိုချနိုင်မည်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

“လူထုအားဖြင့်သာ စစ်အာဏာရှင်စနစ်ကို ဖြိုချနိုင်မည်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

မေ ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၂၄ ရက်မြောက် အဖြစ် ယနေ့ မေလ ၈ ရက် နေ့တွင် ချီတက် ဆန္ဒ ပြကြသည်။

“လူထုအားဖြင့်သာ စစ်အာဏာရှင် စနစ်ကို ဖြိုချနိုင်မည်” ဆိုသည့် စာတန်းကို ကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ကြကာ ကျဆုံးသွားသည့် အာဇာနည်များကို အလေး ပြုကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက် နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

#Mizzima

#ရွာပေါင်းစုံသပိတ်စစ်ကြောင်း

#စစ်အာဏာရှင်ဆန့်ကျင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly