ဆားလင်းကြီးမြို့နယ်အတွင်း ကျဆုံးခဲ့သူများ (၅)လပြည့် အထိမ်းအမှတ် အလေးပြု

ဆားလင်းကြီးမြို့နယ်အတွင်း ကျဆုံးခဲ့သူများ (၅)လပြည့် အထိမ်းအမှတ် အလေးပြု

မေ ၇

စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ကျဆုံးခဲ့သူများအတွက် (၅) လပြည့်ဝမ်း နည်းခြင်းအထိမ်းအမှတ်အဖြစ် ၎င်းတို့အားမြှုပ်နှံထားသည့်နေရာသို့သွားရောက်၍ ပန်းများချအလေးပြု ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ဆားလင်းကြီးမြို့နယ်မှ သူရဲကောင်း ရဲဘော်ငါးဦးကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းအလေးပြုခြင်းအစီအစဉ်သို့ ကျဆုံးသွားသည့်ရဲဘော်များ၏မိသားစုဝင်များနှင့် ယင်းမာပင်-ဆား လင်းကြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်များမှ ပူးပေါင်းပါဝင်ခဲ့သည်။

#Mizzima
#ဆားလင်းကြီးမြို့နယ်
#ကျေးရွာပေါင်းစုံသပိတ်ကော်မတီ
#အလေးပြု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required