ကာလိမြို့ လွုယ်တိုင်လီတွင် ရှမ်းကွန်မြူနတီ ကောလိပ် ဘွဲ့နှင်းသဘင်ကျင်းပ

ကာလိမြို့ လွုယ်တိုင်လီတွင် ရှမ်းကွန်မြူနတီ ကောလိပ် ဘွဲ့နှင်းသဘင်ကျင်းပ

မေ ၇

ရှမ်းပြည်နယ် တောင်ပိုင်း ကာလိမြို့ လွုယ်တိုင်လီတွင် Shan Community College ၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်ကို ယနေ့ မေလ ၇ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကောလိပ်ကို ကော်တိုင်း ပညာရေး အဖွဲ့အစည်းမှ ၂၀၁၇ ခုနှစ်တွင် စတင် ဖွင့်လှစ်ခြင်း ဖြစ်ပြီး Social Science (လူမှုရေးသိပ္ပံ) ဘာသာရပ်ကို အဓိက သင်ကြားလျက်ရှိသည်။

ပညာသင်ကာလ သုံးနှစ် ဖြစ်ပြီး ရှမ်းဘာသာ၊ အင်္ဂလိပ်ဘာသာ တို့ကို အခြေပြု သင်ကြားကာ ဝင်ခွင့် စာမေးပွဲ ဖြေဆိုသည့် စနစ်ဖြင့် တစ်နှစ်လျှင် ရှမ်းကျောင်းသား ကျောင်းသူ ၅၀ မှ ၁၀၀ ကြား လက်ခံသင်ကြား ပေးနေကြောင်း သိရသည်။

ယင်းကောလိပ်တွင် နိုင်ငံတကာ တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သော စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများက သင်ကြားပေးပြီး ယခုနှစ် ဘွဲ့ယူ ကျောင်းသား ကျောင်းသူ ၅၀ ဦးရှိကြောင်း သိရသည်။

ရှမ်းပညာရေး မြှင့်တင်ရေး ကော်တိုင်း ပညာရေး အဖွဲ့အစည်းသည် အခြေခံပညာ အဆင့် ရှမ်းအမျိုးသား ကျောင်းများကိုလည်း ဖွင့်လှစ်ထားသည်။

#Mizzima

#Social Science

#ကာလိမြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly