အိမ်နီးချင်းနိုင်ငံများက ကျူးကျော်လာလျှင် သည်းခံမည် မဟုတ်ဟု တာလီဘန်ဝန်ကြီး သတိပေး

အိမ်နီးချင်းနိုင်ငံများက ကျူးကျော်လာလျှင် သည်းခံမည် မဟုတ်ဟု တာလီဘန်ဝန်ကြီး သတိပေး

အာဖဂန်နစ္စတန်အပေါ် အိမ်နီးချင်းနိုင်ငံများဘက်မှ ကျူးကျော်ထိပါးမှုများ ပြုလုပ်လာပါက သည်းခံခွင့်လွှတ်မည် မဟုတ်ကြောင်း တာလီဘန်အစိုးရ၏ ခေတ္တကာကွယ်ရေးဝန်ကြီး မူလာ မိုဟာမက် ယာကွတ်ဒ် မူဂျာဟစ်က ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် မကြာမီက ပေါ်ပေါက်ခဲ့သော ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကို ရည်ရွယ်ပြီး တုံ့ပြန်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ပါကစ္စတန်သည် မကြာသေးမီက အာဖဂန်နစ္စတန်၏ အရှေ့တောင်ပိုင်း ခို့စ်ပြည်နယ် စပီရာ ခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား ၄၇ ဦး သေဆုံးပြီး အခြားလူ ၂၀ ဦးကျော် ဒဏ်ရာရခဲ့သည်ဟု Khaama Press က ဖော်ပြသည်။

ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်နိုင်ငံတဝန်း ဆန္ဒပြမှု အများအပြားကို ဖြစ်ပေါ်စေခဲ့သည်။

ပါကစ္စတန်၏ အဆိုပါ တိုက်ခိုက်မှုက အာဖဂန်နစ္စတန်နိုင်ငံ၏ အချုပ်အချာအာဏာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အာဖဂန်နစ္စတန်ရှိ ဆန္ဒပြသူများနှင့် အာဏာပိုင်များက ပြောကြသည်။

တာလီဘန် ကာကွယ်ရေးဝန်ကြီးသည် ၎င်း၏ ဖခင်ဖြစ်သည့် ကွယ်လွန်ခဲ့ပြီးသော တာလီဘန် တည်ထောင်သူ မူလာ မိုဟာမက် အိုမာ မူဂျာဟစ်၏ နှစ်ပတ်လည် အခမ်းအနားတစ်ခုတွင် ပြောကြားရာတွင် ၎င်းတို့ (တာလီဘန်) အနေဖြင့် ယခုတစ်ကြိမ်တွင် နိုင်ငံအကျိုးတရားအတွက် ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကို ခွင့်လွှတ်ပေးခဲ့သည် ဆိုသော်ငြား နောက်တစ်ကြိမ်တွင် ယခုကဲ့သို့ နှုတ်ဆိတ်ငြိမ်သက်နေမည် မဟုတ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly