ဟောင်ကောင်ရဲတို့၏ နည်းလမ်းများ ဆော်လမွန်ကျွန်းစုသို့ တရုတ် ယူဆောင်လာမည်ကို ဩစတြေးလျ စိုးရိမ်နေ

ဟောင်ကောင်ရဲတို့၏ နည်းလမ်းများ ဆော်လမွန်ကျွန်းစုသို့ တရုတ် ယူဆောင်လာမည်ကို ဩစတြေးလျ စိုးရိမ်နေ

ဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ချေမှုန်းရန် ယခင်ကအသုံးပြုခဲ့သည့် ရက်စက်ကြမ်း ကြုတ်သောနည်းစနစ်များအတိုင်း လုံခြုံရေးရေးသဘောတူညီချက်အသစ်အရ ဆော်လမွန်ကျွန်းစုတွင် တရုတ်ရဲများကျင့်သုံးမည်ကို သြစတြေးလျအစိုးရက စိုးရိမ်ကြောင်း သြစတြေးလျထောက်လှမ်းရေးအကြီးက ပြောကြားလိုက်သည်။

သြစတြေးလျအမျိုးသားထောက်လှမ်းရေးရုံး၏ ညွှန်ကြားရေးမှူးချုပ် အင်ဒရူး ရှီရားက ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ် ဆိုရာဗာရီအား အမေရိကန်နှင့် မဟာမိတ်များအား စိုးရိမ်မှုဖြစ်ပေါ်စေသည့် လုံခြုံရေး သဘောတူညီ ချက်ကို တရုတ်နှင့် လက်မှတ်မထိုးရန် မတ်လက ယင်းနိုင်ငံသို့ သွားရောက်စည်ရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ် ဆိုရာဗာရီက ဆော်လမွန်ကျွန်းစုတွင် လုံခြုံရေး သဘောတူညီချက်အရ တရုတ် စစ်အခြေစိုက်စခန်းများ တည်ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ကာ ပြည်တွင်း ရဲလုပ်ငန်းများနှင့်သာ ပတ်သက်မည်ဟုဆိုသော်လည်း နောက်ဆုံးပြုလုပ်ခဲ့သည့် သဘောတူညီချက်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပေ။

နယူးဒေလီတွင် ပြုလုပ်သည့် Raisina Dialogue ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့အကူအညီပေးရန် နိုဝင်ဘာလတွင် ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ် ဆိုရာဗာရီ၏ တောင်းဆိုမှုကို သြစတြေးလျက ရှစ်နာရီအတွင်း တုံ့ပြန်ခဲ့ကြောင်း ရှီရားက ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံခြုံရေးသဘောတူစာချုပ်ဖြင့် တော်ဝင်ဆော်လမွန်ကျွန်းစုရဲတပ်ဖွဲ့၏ ကွပ်ကဲမှုအောက်တွင် သြစတြေးလျရဲတပ်ဖွဲ့ကို တပ်ဖြန့်ချထားခဲ့သည်။
 
လုံခြုံရေးစစ်ဆင်ရေးများအတွင်း တရုတ်ရဲများ၏ ကောင်းစွာအမိန့်နာခံရေးနှင့် ပတ်သက်ပြီး သြစတြေးလျက စိုးရိမ်ကြောင်း ရှီရားက ပြောကြားခဲ့သည်။
 
လုံခြုံရေးသဘောတူစာချုပ်သည် မည်သည့်ပြင်ပအဖွဲ့အစည်းကိုမျှ ပစ်မှတ်ထားခြင်းမဟုတ်ကြောင်းနှင့် ပစိဖိတ် နိုင်ငံသည် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆန့်ကျင်ခြင်းမရှိကြောင်း ယခင်က တရုတ်က ပြောကြားခဲ့သည်။

သြစတြေးလျမှ ကီလိုမီတာ ၂၀ဝဝ သာသာတွင် တရုတ်ရေတပ်ထားရှိမှုကို စိုးရိမ်မှုများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါ သဘောတူညီချက်သည် သြစတြေးလျ ရွေးကောက်ပွဲ မဲဆွယ်မှုကို လွှမ်းမိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly