အိန္ဒိယက စစ်တကောင်း ဆိပ်ကမ်းနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြောကြား

အိန္ဒိယက စစ်တကောင်း ဆိပ်ကမ်းနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြောကြား

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာအား ဧပြီ ၂၈ရက်က ဒါကာမြို့၌ လက်ခံတွေ့ဆုံရာတွင် အိန္ဒိယ၏ အရှေ့‌မြောက် ပြည်နယ်များအနေဖြင့် စစ်တကောင်းဆိပ်ကမ်းသို့ ပိုမို ချိတ်ဆက် လုပ်ကိုင်နိုင်ကြောင်း ပြောကြားလိုက်သည်။

“ချိတ်ဆက်မှုတွေ မြင့်တက်လာမယ်ဆိုရင် အာသံနှင့် ထရိုင်ပူရကဲ့သို့ အိန္ဒိယရဲ့ အရှေ့မြောက် ပြည်နယ်များအနေဖြင့် စစ်တကောင်း ဆိပ်ကမ်းသို့ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်သည်” ဟု ၎င်းတို့ ၂ ဦး တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ကို Dhaka Tribune က ဖော်ပြသည်။

စစ်တကောင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး စစ်တကောင်းတောင်ကုန်း လမ်းကြောင်းများတွင် ရှိသည်။ ယင်းဆိပ်ကမ်းသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် နီးကပ်နေခြင်းကြောင့် ကမ္ဘာ့သင်္ဘော လမ်းများနှင့် နီးကပ်စွာ ပေါင်းစပ်မှုကို ပိုမိုအားကောင်းစေမည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၀ ပြည့်နှစ် အစောပိုင်းက ရေးထိုးခဲ့ရာတွင် အိန္ဒိယနှင့် ကုန်ပစ္စည်း တင်ပို့ရောင်းချပို့ဆောင်ရေးအတွက် စစ်တကောင်းနှင့် မွန်ဂလာ ဆိပ်ကမ်းများကို အသုံးပြုရန် ခွင့်ပြုခြင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required