တရုတ်၏ လုံလောက်မှုမရှိသော ဆောင်ရွက်ပေးမှုက အဆိုးရွားဆုံးအကျပ်အတည်းကြုံတွေ့ရသည့် သီရိလင်္ကာအတွက် စိတ်ပျက်စရာဖြစ်လာ

တရုတ်၏ လုံလောက်မှုမရှိသော ဆောင်ရွက်ပေးမှုက အဆိုးရွားဆုံးအကျပ်အတည်းကြုံတွေ့ရသည့် သီရိလင်္ကာအတွက် စိတ်ပျက်စရာဖြစ်လာ

သီရိလင်္ကာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အပြုသဘောဆောင်သောကဏ္ဍမှပါဝင်ရန် အသင့်ဖြစ်ကြောင်းနှင့် ရင်ဆိုင်နေရသော အခက်အခဲများနှင့်စိန်ခေါ်မှုများအတွက် စာနာကြောင်း တရုတ်ဝန်ကြီးချုပ် လီကေ့ချန်က သီရိလင်္ကာ ဝန်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာကို ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

သီရိလင်္ကာဝန်ကြီးချုပ်နှင့် ဖုန်းခေါ်ဆိုမှုတွင် တရုတ်ဝန်ကြီးချုပ်က သီရိလင်္ကာနိုင်ငံနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ စည်းလုံးညီညွတ်မှု အားကောင်းစေရန်နှင့် အားထားယုံကြည်ရပြီး တည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် တွန်းအားပေးရန် အဆင်သင့်ရှိကြောင်း ပြောသည်။

သီရိလင်္ကာ ရင်ဆိုင်နေရသော အခက်အခဲများနှင့် စိန်ခေါ်မှုများအတွက် တရုတ်နိုင်ငံက စာနာနားလည်ကြောင်း လိုအပ်နေသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီများ ပေးအပ်ရန် အဆင်သင့်ရှိကြောင်းလည်း လီက ပြောခဲ့သည်။

တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) က သီရိလင်္ကာသို့ ယွမ်သန်း ၂၀၀ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ကတိပြုပြီးနောက် ယခုကဲ့သို့ ဖုန်းခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ တရုတ်နိုင်ငံက
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးခဲ့သော်လည်း ကြွေးမြီများပြန်လည်ပြင်ဆင်ရန်ကိုမူ ငြင်းဆိုခဲ့သည်။

သီရိလင်္ကာအား လက်ရှိစီးပွားရေးအကျပ်အတည်းမှ ကယ်တင်ရန် တရုတ်နိုင်ငံ၏ ကမ်းလှမ်းသော အကူအညီသည် လုံလောက်မှု မရှိဟု ရှုမြင်ထားကြကြောင်း True Ceylon သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အစောပိုင်းက သီရိလင်္ကာသည် တရုတ်နိုင်ငံအား ငွေကြေးအကူအညီပေးရန်နှင့် တရုတ်ထံ တင်ရှိနေသော ကြွေးမြီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် တရုတ်ထံ တောင်းဆိုခဲ့ပြီး ၎င်းကြွေးမြီသည် စုစုပေါင်း ပြင်ပကြွေးမြီဝန်ထုပ်ဝန်ပိုး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။

ကြွေးမြီဆိုင်းငံ့ရန် သီရိလင်္ကာဘက်မှ တစ်ဖက်သက် ကြေညာချက်၏ စိန်ခေါ်မှုများနှင့် အရှုပ်အထွေးများကြောင့် သီရိလင်္ကာ၏တောင်းဆိုမှုကို ဆောင်ရွက်ပေးရန် အခက်အခဲများရှိနေခဲ့ကြောင်း တရုတ်က တုံ့ပြန်ထားသည်။

စီးပွားရေးကျဆင်းမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ခရီးသွားလုပ်ငန်းကျဆင်းလာခြင်းနှင့် အဆင်အခြင်မဲ့သော စီးပွားရေးမူဝါဒများကြောင့် နိုင်ငံခြားငွေလှယ်မှုနှုန်းကျဆင်းလာကာ နိုင်ငံအနေဖြင့် လုံလောက်သော လောင်စာဆီမဝယ်နိုင်သလို ပြည်သူများမှာလည်း စားနပ်ရိက္ခာနှင့်အခြေခံလိုအပ်ချက်များ၊ လောင်စာဆီနှင့်ဓာတ်ငွေ့အလွန်အမင်း ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required