ဆော်လမွန်ကျွန်းစုတွင် တရုတ်စစ်တပ်ရှိခြင်းအပေါ် ဆန့်ကျင်သည့် အမေရိကန်၏ သတိပေးချက်သည် ရန်စမှုတစ်ခုဖြစ်ကြောင်း တရုတ်လေ့လာသုံးသပ်သူ ပြောကြား

ဆော်လမွန်ကျွန်းစုတွင် တရုတ်စစ်တပ်ရှိခြင်းအပေါ် ဆန့်ကျင်သည့် အမေရိကန်၏ သတိပေးချက်သည် ရန်စမှုတစ်ခုဖြစ်ကြောင်း တရုတ်လေ့လာသုံးသပ်သူ ပြောကြား

ဆော်လမွန်ကျွန်းစုတွင် အမြဲတမ်း 'တရုတ်စစ်တပ် တည်ရှိနေခြင်း' ကို ဆန့်ကျင်သည့် အမေရိကန်၏ သတိ ပေးချက်သည် တရုတ်နှင့် တောင်ပစိဖိတ်နိုင်ငံဖြစ်သော ဆော်လမွန်ကျွန်းစုအတွက် အလွန်အမင်း ရန်စမှု တစ်ခုဖြစ်ကြောင်း တရုတ်လေ့လာသုံးသပ်သူများက ဧပြီ ၂၃ရက်တွင် ပြောကြားခဲ့သည်။
 
ဆော်လမွန်ကျွန်းစုနှင့် တရုတ်တို့ ချုပ်ဆိုထားသော လုံခြုံရေးဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ အမေရိကန်က ဧပြီ ၂၃ ရက်တွင် အလွန်အမင်း စိုးရိမ်ပူပန်မှုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တရုတ်က ယင်းနေရာတွင် စစ်အင်အား ဆက်လက်တည်ဆောက်မည်ဆိုပါက အမေရိကန်က သင့်လျော်သလို တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။

ဧပြီလ ၂၂ ရက်တွင် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဆော်လမွန်ကျွန်းစုနိုင်ငံ၊ ဟိုနီရာယာမြို့ သို့သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဂိုဂါဗာရာ၊ ၎င်း၏ အစိုးရအဖွဲ့၊ အကြီးတန်း ဝန်ထမ်းများနှစ်ဒါဇင်ကျော်နှင့် မိနစ် ၉၀ ကြာတွေ့ဆုံခဲ့သည်။ 

ဝန်ကြီးချုပ် ဂိုဂါဗာရာနှင့် တွေ့ဆုံချိန်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွက် အဓိက ဦးစား ပေးမှုများကို ထပ်လောင်းပြောကြားခဲ့ပြီး ဆော်လမွန်ကျွန်းစုပြည်သူများ၏ လူမှုဖူလုံရေးတိုးတက်စေရန် အမေရိကန်မှ လုပ်ဆောင်ပေးမည့် အစီအစဉ်များကို အလေးပေးဖော်ပြခဲ့သည်။

“တကယ်လို့ အမြဲတမ်း စစ်ရေးအရ တပ်စွဲ ထားမယ်၊ ရင်းမြစ်တွေ အသုံးပြုမှု၊ ဒါမှမဟုတ် စစ်ရေးအရ တည်ဆောက်ဖို့ ခြေလှမ်းတွေ လှမ်းမယ်ဆိုပါက မေရိကန်အနေနဲ့ သိသာထင်ရှားတဲ့ စိုးရိမ်မှုတွေနဲ့ လျော်ညီစွာ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု သဘောတူညီချက်၏ ရည်ရွယ်ချက်၊ နယ်ပယ်နှင့် ပွင့်လင်းမြင်သာမှုတို့နှင့် စပ်လျဉ်း၍ စိုးရိမ်ရသည့် ကဏ္ဍများ ကို အကျဉ်းချုံးဖော်ပြရာတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။
 
'တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုများအတွင်း တောင်ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများ၏ မဟာဗျူဟာမြောက် အရေးပါမှုကို အမေရိကန်က အလေးထားဆောင်ရွက်နေပြီး ယင်းဒေသသည် အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုသာမကဘဲ တရုတ်ကို ဆန့်ကျင်ရာတွင် အဓိကကျသည့် ရှေ့တန်းနေရာလည်း ဖြစ်ကြောင်း တရုတ် လေ့လာ သုံးသပ်သူများ၏ ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာ Global Times ကိုးကားဖော်ပြခဲ့သည်။

ဆော်လမွန်ကျွန်းစုသို့ အမေရိကန်အရာရှိများ၏ ယခုခရီးစဉ်သည် ကိုယ်စားလှယ်အဖွဲ့၏ ပစိဖိတ် သမုဒ္ဒရာဖြတ်ကျော်ကာ လတ်တလော သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။

တရုတ်နှင့် ဆော်လမွန်ကျွန်းစုတို့အကြား လုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ရက်ပိုင်း အကြာတွင် အမေရိကန်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်သူများ၏ အကျိုးစီးပွားအတွက် အချုပ်အခြာအာဏာဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမေရိကန်က လေးစားပါသည်။ မကြာသေးမီက ဆော်လမွန်ကျွန်းစုနှင့် တရုတ်အကြား ချုပ်ဆိုထားသော လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်အပေါ် မိမိတို့ သေသေချာချာ ဆွေးနွေးခဲ့ကြပါတယ်” ဟု အိမ်ဖြူတော်ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly