ယူကရိန်းအကျပ်အတည်းက မြန်မာနိုင်ငံကို အခွင့်အရေးယူရန် တရုတ်အတွက် လမ်းစဖြစ်ပေါ်လာသလား

ယူကရိန်းအကျပ်အတည်းက မြန်မာနိုင်ငံကို အခွင့်အရေးယူရန် တရုတ်အတွက် လမ်းစဖြစ်ပေါ်လာသလား

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံ၊ အလယ်ပိုင်းထွန်ရှီခရိုင်တွင် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံစဉ်အတွင်း “မည့်သည့်အခြေအနေတွင်ဖြစ်စေ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေစိုးမိုးရေးနဲ့ နိုင်ငံတော်ရဲ့ အခြေအနေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဖော်ဆောင်ရန် တရုတ်က မြန်မာနိုင်ငံကို အမြဲတမ်း ပံ့ပိုးကူညီ သွားပါမယ်”ဟု ဧပြီ ပထမပတ်တွင် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကျော် ဘဏ္ဍာရေးအကူအညီပေးမည်ကို ကြေညာခဲ့ပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ ပူးတွဲ ဆန့်ကျင်ရေး၊ တရုတ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးသစ်နှင့် ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် လက်ခံကျင်းပရာတွင် မြန်မာစစ် အစိုးရအား ပံ့ပိုးကူညီသွားမည်ဟု ကတိပြုခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ပြောဆိုခြင်းကို ရှောင်ရှားခဲ့သည်။

ယင်းက ကမ္ဘာတစ်ဝန်းရှိ ရက်စက်ကြမ်းတမ်းသော၊ သက်ဦးဆံပိုင်အစိုးရများနှင့် စီးပွားရေးလုပ်ရန် တရုတ်၏ ဆက်လက် လိုလားမှုကို ပြသခဲ့သည်။

တရုတ်နိုင်ငံခြားရေးမူဝါဒ၏ အခြေခံသည် နိုင်ငံသားများ၏ လူ့အခွင့်အရေးကို အလွဲသုံးစားပြုနေသည့် အစိုးရ များကိုပင် ဆက်ဆံအကူအညီပေးရေးဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ဝေ သည့် “တာဝန်ယူနိုင်မှုရှိသော အင်အားကြီးနိုင်ငံ” အတွက် စိန်ခေါ်မှုများ အမည်ရှိစာတမ်းတွင် ဆိုဖီ ရစ်ချတ်ဆန်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ပြဌာန်းထားသည့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများကို နှိမ်နင်းရန် ကြိုးပမ်းသည့်အနေဖြင့် စစ်အစိုးရသည် ၂၀၂၂ခုနှစ်အစမှစတင်၍ ရွာပေါင်း (၁၀ဝ)နှင့် အဆောက်အအုံပေါင်း (၅၅၀ဝ)ကျော်ကို ဖျက်ဆီးခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မထီးကျေးရွာမှ အိမ်ခြေ ၂၀ဝ ခန့်ကို စစ်အစိုးရက မီးရှို့ခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း စစ်တပ်က အရပ်သား ၃ ဦးထက်မနည်း ကို ပစ်သတ်ခဲ့ပြီး နေအိမ် ၅၀ဝ ကျော်ကို မီးရှို့ခဲ့သည်။

ဘီဘီစီသတင်းဌာန၏ အဆိုအရ စစ်တပ်နှင့် စစ်တပ်လိုလားသော ပြည်သူ့စစ်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာ များအား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ မှစပြီး နေ့စဉ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်။

ရွာများကို မီးရှို့ခြင်းသည် မြန်မာစစ်တပ်၏ ဆယ်စုနှစ်များစွာကတည်းကပင် အကျွမ်းတဝင်ရှိခဲ့သည့် နည်းပရိ ယာယ်ဖြစ်ပြီး နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုများစွာ ဖြစ်ပေါ်စေခဲ့သည့် အချက်လည်းဖြစ်သည်။

သို့သော် တရုတ်နှင့် မြန်မာတို့က အပြန်အလှန် ပေါက်ဖော် ဆက်ဆံရေးကြောင့် အပြစ်မမြင် ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံသည် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် JF-17 တိုက်လေယာဉ် (တရုတ်-ပါကစ္စတန် ဖက်စပ် ထုတ်) ကို စိတ်ဝင်စားသောကြောင့် တရုတ်က အဆိုပါ လက်နက်များကို နှောင့်နှေးမှုမရှိဘဲ စစ်အစိုးရထံ ပေးမည်ဟု အာမခံခဲ့သည်။

ယင်းသည် ဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ၊ အလယ်ပိုင်းထွန်ရှီခရိုင်မြို့ တွင် ဆွေးဆွေးခဲ့သည့် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

ယူကရိန်းစစ်ပွဲ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော အခြေအနေများကို ကမ္ဘာက အာရုံ စိုက်နေချိန်တွင် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ရီမင်ဘီကို အသုံးပြုရေး တရုတ်၏ တွန်းအားပေး ကြိုးပမ်းမှုကြောင့် တရုတ်လေ့လာသူများ အံ့အားသင့်ခဲ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂ခုနှစ်အစပိုင်းမှ ကာလမှ စတင်၍ ရီမင်ဘီငွေကြေးကို တရားဝင် ငွေပေးချေ ခွင့်ပြုသည့် ငွေကြေးအဖြစ် စတင်လက်ခံရန် ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် သဘောတူညီခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required