လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ဆက်ဆံရေး ကျဆင်း

လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ဆက်ဆံရေး ကျဆင်း

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား အခြေအနေများ ပြောင်းလဲလာနေချိန်တွင် မကြာသေးခင်က အာဖဂန်နစ္စတန်နိုင်ငံတွင်းသို့ ပါကစ္စတန်တို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ကလေးများအပါအဝင် လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုဆိုးဝါးစေခဲ့သည်။

လက်ရှိတွင် နှစ်နိုင်ငံစလုံးသည် အပြန်အလှန် မယုံကြည်မှု သံသယများ တိုးလာနေခြင်းနှင့် ကြုံတွေ့နေပြီး ရံဖန်ရံခါဆိုသလို တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ဝေဖန်မှုများလည်း ထွက်ပေါ်ထားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင်သာမကဘဲ အခြားသော ကမ္ဘာ့နေရာဒေသများတွင်လည်း ပါကစ္စတန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ လက်ရှိအချိန်တွင် ပါကစ္စတန်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် တာလီဘန်တို့က ပါကစ္စတန်အစိုးရကို ပြစ်တင်ခဲ့ပြီး မလိုလားအပ်သော အကျိုးဆက်များဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

အလားတူ အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးမှုအတွက် အာဖဂန်နစ္စတန်ကို ပါကစ္စတန်ဘက်ကလည်း ပြင်းထန်သည့် အသုံးအနှုန်းများဖြင့် ပြစ်တင်ရင်း တုံ့ပြန်ခဲ့သည်။

အဆိုပါ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီးနောက် ညီအစ်ကို ဆက်ဆံရေးမှ မလိုမုန်းထားမှုအဖြစ်သို့ ပြောင်းလဲထားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly