တရုတ်နှင့်သဘောတူညီချက်ကို ဆော်လမွန်ကျွန်းအနေဖြင့် သတိကြီးစွာထားသင့်ကြောင်း ဩစတြေးလျ ပြောကြား

တရုတ်နှင့်သဘောတူညီချက်ကို ဆော်လမွန်ကျွန်းအနေဖြင့် သတိကြီးစွာထားသင့်ကြောင်း ဩစတြေးလျ ပြောကြား

ဆော်လမွန်ကျွန်းစုနိုင်ငံအနေဖြင့် တရုတ်နှင့်လုံခြုံရေးသဘောတူညီချက်ကို အမှန်တကယ် သတိထားသင့်ပြီး နှောင်အဖွဲ့ဖြစ်လာနိုင်ကြောင်း ဩစတြေးလျ ဒုဝန်ကြီးချုပ် ဘာနာဘီ ဂျွိုက်စ်က ပြောကြားသည်။

ပိုင်နက်မြေတွင် တရုတ်စစ်တပ်ကို ရာသက်ပန် ထားရှိမည်မဟုတ်ကြောင်း ဆော်လမွန်ကျွန်း၏ ကတိကဝတ်ကို လက်ခဲ့ပြီး နိုင်ငံအတွင်းသို့ အာဏာရှင်အစိုးရကို ဖိတ်ခေါ်ပါက အချုပ်အခြာအာဏာအပေါ် သက်ရောက်မှု ရှိလာလိမ့်မည်ဟု ဂျိုက်စ်က ဧပြီ ၂၄ ရက်တွင် ဩစတြေးလျနိုင်ငံ့ရုပ်သံအစီအစဉ်တစ်ခုမှ ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းနိုင်ငံတွင် တရုတ်စစ်တပ် အမြဲတမ်း တည်ရှိနေစေမည့် လုံခြုံရေးသဘောတူညီချက် အသစ်အပေါ် ဩစတြေးလျနှင့်မဟာမိတ်များက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ သဘောတူညီချက်၏ နောက်ဆုံးအဆင့်ကို ထုတ်ပြန်ခြင်းမရှိခဲ့သော်လည်း မတ်လနှောင်းပိုင်းက လူမှုမီဒီယာပေါ် ပေါက်ကြားလာသော မူကြမ်းအရ ဩစတြေးလျကမ်းရိုးတန်းနှင့် ကီလိုမီတာ ၂ ၀၀၀ မျှဝေးသော ဆော်လမွန် ကျွန်းနိုင်ငံရှိ လုံခြုံစိတ်ချရသော ဆိပ်ကမ်းတွင် တရုတ်ရေတပ်သင်္ဘောများကို ဆိုက်ကပ်ခွင့်ပြုမည်ဖြစ်သည်။

ဂျိုက်စ်က တာဂျစ်ကစ္စတန်၊ မြန်မာနှင့် တရုတ်စစ်သားထောင်ပေါင်းများစွာ လာရောက်တပ်စွဲ လေ့ရှိသည့် ဘူတီနိုင်ငံနှင့်အလားတူစာချုပ်တို့ကို ထောက်ပြလျက် တရုတ်သည် ဩစတြေးလျအတွက် ကြီးမားသော ပြဿနာဖြစ်ကြောင်း ပြောသည်။ တရုတ်သည် စစ်တပ်ကို အမြဲတပ်စွဲထားခြင်း သို့မဟုတ် စစ်အင်အား အသုံးပြုခြင်းများလုပ်ဆောင်လာပါက ဩစတြေးလျအနေဖြင့် သင့်တော်သည့်တုံ့ပြန်မှုလုပ်ဆောင်သွားရန် အမေရိကန်နှင့်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဂျိုက်စ်က ဆိုသည်။

ပေကျင်းနှင့်လုံခြုံရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် တရုတ်စစ်တပ်များတပ်စွဲမှုကို ဖိတ်ခေါ်သောမည်သည့်လှုပ်ရှားမှုကိုမဆို မပြုလုပ်ရန် အမေရိကန်က ဆော်လမွန်းကျွန်းနိုင်ငံအား သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly