ချေးငွေကို သတိထားမယူပါက မော်လ်ဒိုက်သည်လည်း သီရိလင်္ကာကဲ့သို့ စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်

ချေးငွေကို သတိထားမယူပါက မော်လ်ဒိုက်သည်လည်း သီရိလင်္ကာကဲ့သို့ စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်

ခရီးသွားလုပ်ငန်းကို အဓိက မှီခိုနေရသော မော်လ်ဒိုက်နှင့် သီရိလင်္ကာတို့သည် ကပ်ရောဂါဖြစ်ပွားပြီးနောက် ကိုဗစ်-၁၉ စည်းမျဉ်းများ ချမှတ်ခဲ့သဖြင့် ဆိုးဆိုးရွားရွားအထိနာခဲ့သည်။ ကပ်ရောဂါဖြစ်ပွားပြီး ၂ နှစ်အကြာတွင် မော်လ်ဒိုက်၏ စီးပွားရေးသည် ပြန်လည်နလန်ထူလာပြီး ဆယ်စုနှစ် လေးစုအတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည့် သီရိလင်္ကာနှင့် နှိုင်းယှဉ်ပါက အခြေအနေကောင်းမွန်နေသည်။

နှစ်နိုင်ငံစလုံးသည် နိုင်ငံခြားတိုင်းပြည်များ အထူးသဖြင့် တရုတ်ထံမှ ငွေချေးအများအပြားချေးယူထားသည်။

သီရိလင်္ကာသည် ၂၀ဝ၉ ခုနှစ်ပြည်တွင်းစစ်ပြီးဆုံးပြီးနောက် စီးပွားရေးပြန်လည်ရှင်သန်လာစေရေးအတွက် ဆိပ်ကမ်းများနှင့် လေကြောင်းလမ်းများတည်ဆောက်ရန် တရုတ်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို သုံးဖြုန်းမှုတွင် မော်လ်ဒိုက်ထက် ခြေတစ်လှမ်းသာခဲ့သည်ဟု Maldives Voice က ဖော်ပြခဲ့သည်။

၂၀၁၈ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ယာမန်ရှုံးနိမ့်ပြီး သမ္မတ အိုင်ဘူဆိုလစ်ရာထူးရရှိပြီးနောက် သမ္မတ အိုင်ဘူက မော်လ်ဒိုက်၏ အခြေအနေတည်ငြိမ်စေရန် အလွန်ချီးကျူးစရာကောင်းသောအလုပ်တစ်ခု လုပ်ဆောင်ခဲ့သဖြင့် မော်လ်ဒိုက်အတွက် အပြောင်းအလဲများ သိသိသာသာ ဖြစ်ပေါ်ခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးသော စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင် နေရပြီး အစားအစာနှင့် လောင်စာဆီ ပြတ်တောက်မှုများကြောင့် ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် လူအများအပြားထိခိုက်စေခဲ့သဖြင့် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကြီးမားသော ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သည်။

မော်လ်ဒိုက်နှင့် အနီးဆုံးဖြစ်သော သီရိလင်္ကာ၏ စီးပွားရေးသည် ယိုယွင်းပျက်စီးသွားခဲ့ကြောင်း စီးပွားရေး ကျွမ်းကျင်သူများက ပြောသည်။

မော်လ်ဒိုက်အစိုးရသည်လည်း သတိမမူပါက ကြွေးမြီများ အန္တရယ်ရှိသည့် အဆင့်ထိရောက်ရှိလာနိုင်ပြီး အလားတူကံကြမ္မာသည် မော်လ်ဒိုက်ပေါ် ကျရောက်လာနိုင်ကြောင်း Maldives Voice က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly