တရုတ်နှင့် လုံခြုံရေး သဘောတူညီချက်အတွက် ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ်ကို အမေရိကန် သတိပေး

တရုတ်နှင့် လုံခြုံရေး သဘောတူညီချက်အတွက် ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ်ကို အမေရိကန် သတိပေး

ဆော်လမွန်ကျွန်းစုနှင့် တရုတ်အကြား ချုပ်ဆိုထားသော လုံခြုံရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက ဧပြီ ၂၂ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ နိုင်ငံတွင် တရုတ်က စစ်တပ်များထားရှိမည်ဆိုပါက အမေရိကန်က တုံ့ပြန်ဆောင်ရွက်ရလိမ့်မည်ဖြစ်ကြောင်း သတိပေး လိုက်သည်။
 
တောင်ပစိဖိတ်ကျွန်းစု၏ အိမ်နီးချင်းနိုင်ငံများက ဆော်လမွန်ကျွန်းစုတွင် တရုတ်ရေတပ်အခြေစိုက်စခန်း ဖွင့်ခွင့် ပေးမည်ကို စိုးရိမ်သည့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်ကို ဆော်လမွန်ကျွန်းစုနှင့် တရုတ်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
 
ဧပြီ ၂၂ ရက်တွင် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဆော်လမွန်ကျွန်းစုနိုင်ငံ၊ ဟိုနီရာယာမြို့ သို့သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဂိုဂါဗာရာနှင့် အစိုးရအဖွဲ့၊ အကြီးတန်း ဝန်ထမ်းများနှစ်ဒါဇင်ကျော်နှင့် မိနစ် ၉၀ ကြာတွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ် ဂိုဂါဗာရာနှင့် တွေ့ဆုံချိန်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွက် အဓိက ဦးစား ပေးမှုများကို ထပ်လောင်းပြောကြားခဲ့ပြီး ဆော်လမွန်ကျွန်းစုပြည်သူများ၏ လူမှုဖူလုံရေးတိုးတက်စေရန် အမေရိကန်မှ လုပ်ဆောင်ရမည့် ခြေလှမ်းများကို အလေးပေးဖော်ပြခဲ့သည်။ 

“ပြည်သူများ၏ အကျိုးစီးပွားအတွက် အချုပ်အခြာအာဏာဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမေရိကန်က လေးစားသည်။ မကြာသေးမီက ဆော်လမွန်ကျွန်းစုနှင့် တရုတ်အကြား ချုပ်ဆိုထားသော လုံခြုံရေးဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ နှစ်ဘက်စလုံးက အနှစ်သာရရှိရှိ ဆွေးနွေးခဲ့ကြပါတယ်။ သဘောတူညီချက် သည် ပြည်တွင်းရေးသာဖြစ်ကြောင်း ဆော်လမွန်ကျွန်းစု ကိုယ်စားလှယ်များကဖော်ပြသော်လည်း အမေရိကန် နှင့် ယင်း၏ မဟာမိတ်များနှင့် မိတ်ဖက်များက သဘောတူညီချက်တွင် ဖြစ်နိုင်ခြေရှိသော ဒေသလုံခြုံ ရေး သက်ရောက်မှုများ ရှိနေကြောင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်ပြုပြောကြားခဲ့သည်” ဟု အိမ်ဖြူတော်ကြေညာချက်တွင် ဖော်ပြထားသည်။

အစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ဆော်လမွန်ကျွန်းစုနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင် လူမှုရေး မငြိမ်မသတ်မှုများ ထိန်းသိမ်းရေး၊ ပြည်သူများ၏ ဘေးကင်းရေး၊ အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ် တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေးကို အကာအကွယ် ပေးရေး တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ဝေဘင်းက ဆော်လမွန်ကျွန်းစုနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခြင်းကို ကာကွယ်ပြောဆိုခဲ့ပြီး အဆိုပါသဘောတူညီချက်သည် မည်သည့် ပြင်ပအဖွဲ့အစည်း ကိုမျှ ပစ်မှတ်ထားခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly