တရုတ်ရေတပ်တည်ထောင်သည့် နှစ်ပတ်လည်နေ့ မတိုင်မီတွင် စစ်သင်္ဘောအသစ် ၃ စင်း အင်အားဖြည့် ထည့်သွင်း

တရုတ်ရေတပ်တည်ထောင်သည့် နှစ်ပတ်လည်နေ့ မတိုင်မီတွင် စစ်သင်္ဘောအသစ် ၃ စင်း အင်အားဖြည့် ထည့်သွင်း

တရုတ်ရေတပ်မတော်တည်ထောင်သည့် (၇၃) နှစ်မြောက်ဖြစ်သော ဧပြီ ၂၃ရက် မတိုင်မီတွင် စစ်သင်္ဘောအသစ် ၃ စင်း အင်အားဖြည့်သွင်းခဲ့သည်။

အဆိုပါ နှစ်ပတ်လည်နေ့မတိုင်မီတွင် မကြာသေးမီက စတင် ဖြည့်သွင်းခဲ့သည့် နောက်ဆုံးပေါ် စစ်သင်္ဘော ၃ စင်းဖြစ်သည့် Type 055 တန်ချိန် တစ်သောင်းဆန့် ဖျက်သင်္ဘော ၂ စင်းနှင့် Type 052D ဖျက်သင်္ဘော ၁ စင်းအား တရုတ် PLA ရေတပ်က ပြသခဲ့ကြောင်း Global Times သတင်းတွင်  ဖော်ပြထားသည်။

PLA ရေတပ်သို့ နောက်ထပ်ဝင်ရောက်လာမည့် သင်္ဘောသစ်များကို မကြာမီ ထုတ်ဖော်ပြသရန် မျှော်လင့် ထားကြောင်းနှင့် တရုတ်၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်ရန် ရေတပ်၏ အရှိန်အဟုန်ဖြင့် တိုးတက်နေသော စွမ်းဆောင်ရည်များကို ထင်ဟပ်စေသည်ဟု လေ့လာသုံးသပ်သူများကို ကိုးကား၍ သတင်းက ဧပြီ ၂၀ရက်တွင် ဖော်ပြခဲ့သည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန် PLA က ယင်း၏ လက်နက် အင်အားကို ပြသထားပြီး သင်္ဘောကိုယ်ထည် နံပါတ် ၁၀၄ ဟုဖော်ပြထားသည့် Type 055 ဖျက်သင်္ဘောကြီး ပင်လယ်ပြင်တွင် ရွက်လွှင့်နေသည့် ဗီဒီယိုတွင် ပြသခဲ့သည်ဟု Global Times က ရှန်ဟိုင်းအခြေစိုက် သတင်း ဝက်ဘ်ဆိုက်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် Nanchang (Hull 101) ကို ရေချပြီးနောက်၊ ၂၀၂၁ခုနှစ် မတ်လ တွင် Lhasa (Hull 102) နှင့် ၂၀၂၁ခုနှစ် ဧပြီတွင် Dalian (Hull 105) တို့ ရေချပြီးနောက် စတုတ္ထမြောက် Type 055 ဖျက်သင်္ဘောကြီး၏ တရားဝင် ပွဲဦးထွက်ဖြစ်သည်။

တရုတ်သည် Type 052D ဖျက်သင်္ဘော၊ Type 055 ဖျက်သင်္ဘောကြီးနှင့် Type 075 ကုန်းရေနှစ်သွယ်သုံး တိုက်ခိုက်ရေးသင်္ဘောများကဲ့သို့သော အဆင့်မြင့် စစ်သင်္ဘောများစွာကို လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တည်ဆောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly