တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသည့် နိုင်ငံများအချင်းချင်း ပစ်ပယ်ခြင်းကို လက်ခံနိုင်စရာမရှိဟု တရုတ်သမ္မတ ပြောကြား

By ANI/Sputnik
27 April 2022
တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသည့် နိုင်ငံများအချင်းချင်း ပစ်ပယ်ခြင်းကို လက်ခံနိုင်စရာမရှိဟု တရုတ်သမ္မတ ပြောကြား

ကမ္ဘာ့နိုင်ငံများအားလုံးအနေဖြင့် တူညီသောအနာဂတ်အတွက် ဦးတည်နေကြချိန်တွင် အခြားသူများအား ပစ် ပယ်ခြင်းကို လက်ခံနိုင်စရာမရှိဟု တရုတ်သမ္မတရှီကျင့်ဖျင်က ဟိုင်နန်ကျွန်း ပေါင်အိုမြို့တွင်ကျင်းပသည့် အာရှစီးပွားရေးဖိုရမ်အတွက် ဗီဒီယိုသဝဏ်လွှာတွင် ပြောကြားခဲ့သည်။

"ကမ္ဘာ့နိုင်ငံအားလုံးက ယေဘုယျတူညီတဲ့ ကံကြမ္မာတစ်ခုနဲ့ သင်္ဘောကြီးတစ်စင်းပေါ်မှာ ရွက်လွှင့်နေကြသလိုပါပဲ။ ပြင်းထန်တဲ့ လှိုင်းတံပိုးတွေကို ဖြတ်ကျော်ပြီး တောက်ပတဲ့အနာဂတ်ဆီ ဆက်သွားချင်တယ်ဆိုရင် တူညီတဲ့ ဦးတည်ချက် အတိုင်း သွားရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကို မဆို ပင်လယ်ထဲ ပစ်ချတာ လက်မခံပါဘူး” ဟု ရှီ၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်ဗဟိုရုပ်မြင်သံကြားမှ ဖော်ပြခဲ့သည်။

စံနှစ်မျိုးမူဝါဒကို စွန့်လွှတ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများနှင့် ညှိနှိုင်းမှုများမှ တစ်ဆင့် နိုင်ငံများအကြား သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် လိုအပ် ကြောင်းနှင့် အကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ကြိုးပမ်းအားထုတ်မှုအားလုံးကို ပံ့ပိုး ကူညီရန် လိုအပ်ကြောင်း ရှီက ထောက်ပြခဲ့သည်။
 
“Eastern Davos” ဟု အလွတ်သဘောခေါ်သော အာရှစီးပွားရေးဖိုရမ်ကို ဧပြီလ ၂၀ရက်တွင် ဖွင့်လှစ် ခဲ့သည်။ ၂၀၂၂ခုနှစ်ဖိုရမ်ကို ဧပြီ ၂၂ ရက်အထိ ကျင်းပခဲ့သည်။ 

နိုင်ငံအသီးသီးမှ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် မီဒီယာများမှ ကိုယ်စားလှယ် များသည် အာရှနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်ကပ်ရောဂါလွန် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဆွေးနွေး ခဲ့ကြသည်။

အွန်လိုင်းနည်းပညာများကို အသုံးပြု၍ အဆိုပါ ဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly