မက်ဆီ၊ ဆွာရက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ ပြန်လာခြင်းနဲ့အတူ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ကစားပြီး ဘာစီလိုနာက လာလီဂါ အမှတ်ပေးဇယားထိပ်ကနေ ၃ မှတ်ဖြတ်ထားလိုက်ပါတယ်။
စနေနေ့ကစားခဲ့တဲ့ ဇယားထိပ်နေရာအတွက် ယှဉ်ပြိုင်မှုမှာ (၉) ယောက်ကျန် အက်သလက်က (၁) ဂိုးနဲ့စတင် ဦးဆောင်နိုင်ပေမယ့်လဲ မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ ဘာစီလိုနာက ပြန်လာနိုင်တာဖြစ်ပါတယ်။
ပထမပိုင်း ၁၀ မိနစ်မှာဘဲ အက်သလက်အတွက် ကိုကီက သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် (၃၀) မှာ မက်ဆီနဲ့ (၃၈) မိန်စမှာ ဆွာရက်ဇ်တို့က သွင်းယူခဲ့ပါတယ်။ လာလီဂါမှာ ဘာစီလိုနာက အက်သလက်နဲ့ ၁၂ ကြိမ် ယှဉ်ပြိုင်ရာမှာ ၁၀ ပွဲနိုင်၊ ၂ သရေကျကာ အသာရခဲ့ပါတယ်။
ပထမပိုင်း ပွဲချိန် (၄၄) မိနစ်မှာတော့ အက်သလက် ကစားသမား ဖီလစ်ပီလူးဝစ်က မက်ဆီနဲ့အတွေ့မှာ ကြမ်းတမ်းတဲ့ ကစားပုံကြောင့် တိုက်ရိုက်အနီကပ်နဲ့ အထုတ်ခံရပါတယ်။ ပထမပိုင်းက အဝါကပ်ရခဲ့တဲ့ ဂိုဒင်ဟာ ဒုတိယပိုင်း (၆၅) မိနစ်မှာ ဆွာာရက်ဇ်ကို တားစီးရာကနေ နှစ်ဝါ၊ တစ်နီနဲ့ အထုတ်ခံရပြန်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ (၉) ယောက်ကျန် အက်သလက်ကို ဘာစီလိုနာက ဂိုးထပ်မံ မသွင်းနိုင်ပဲ ၂-၁ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
စပိန်လာလီဂါပွဲစဉ် (၂၂) စနေနေ့ရလဒ်များ (#La_Liga Week - 22: Results)
ဘာစီလိုနာ ၂-၁ အက်သလက်တီကို
အီဘာ ၁-၂ မာလာဂါ
ဂီတာဖေး ဝ-၁ ဘီလ်ဘာအို
ဗီလာရီးယဲလ် ၁-၀ ဂရန်နာဒါ
Ref & Photo: Yahoo Sports