MOGE ကို ပိတ်ဆို့ အရေးယူပေးရန် လောင်းလုံးလူငယ်များ ဆန္ဒပြတောင်းဆို

MOGE ကို ပိတ်ဆို့ အရေးယူပေးရန် လောင်းလုံးလူငယ်များ ဆန္ဒပြတောင်းဆို

ဧပြီလ ၂၆ ရက်

စစ်ကောင်စီ အနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) က တစ်ဆင့် ဝင်ငွေ အမြောက်အမြား ရရှိနေသည့် အတွက် အမေရိကန် အစိုးရ အနေဖြင့် ပိတ်ဆို့ အရေးယူ ပေးရန် ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် လူငယ်များက တောင်းဆို ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

“အဲဒီ ဝင်ငွေတွေကို အကြမ်းဖက် စစ်ခေါင်းဆောင် လူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပြည်သူလူထုကို သတ်ဖြတ်မယ့် လက်နက် ဝယ်ယူရေး အတွက်သာ အသုံးပြုကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများကနေ MOGE ထံ အခွန် ဘဏ္ဍာတွေ မစီးဝင်အောင် ပိတ်ဆို့ နိုင်ပါက ကျွန်တော်တို့ တော်လှန်ရေး အတွက် အင်မတန် အကျိုးရှိမှာ ဖြစ်ပါတယ်”ဟု ဦးဆောင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ ဆန္ဒပြ လှုပ်ရှားမှုကို လောင်းလုံး မြို့နယ် အတွင်း လူငယ်၊ အမျိုးသမီး၊ LGBT နှင့် ကျောင်းသူ ကျောင်းသားများ ပူးပေါင်းပြီး "Sanction Gas Revenues Now! USA -  please sanction MOGE" ဆို သည့် စာတန်း ကိုင်စွဲ လမ်းလျှောက် ချီတက် ဆန္ဒပြ ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required