ပါကစ္စတန်က ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေး မှောင်ခိုမှုအတွက် သယ်ယူပို့ဆောင်မှု အချက်အချာနေရာ ဖြစ်ကြောင်း သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထား

By Zee5
26 April 2022
ပါကစ္စတန်က ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေး မှောင်ခိုမှုအတွက် သယ်ယူပို့ဆောင်မှု အချက်အချာနေရာ ဖြစ်ကြောင်း သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထား

အာဖဂန်နစ္စတန်သည် ကမ္ဘာ့ မူးယစ်ဆေး ဈေးကွက်များသို့ ဘိန်း ပေးသွင်းမှုဆိုင်ရာ အဓိက ရင်းမြစ် ဖြစ်သလို ပါကစ္စတန်သည်လည်း မူးယစ်ဆေး သယ်ယူပို့ဆောင်မှုဆိုင်ရာ အချက်အချာနေရာ ဖြစ်နေပြီး နိုင်ငံကနေ လှုပ်ရှားနေသည့် မူးယစ်ဆေး ကွန်ရက်များသည် နိုင်ငံတကာ ဈေးကွက်များသို့ ရောက်ရှိစေရန် ယင်း၏ မူးယစ်ဆေးလမ်းကြောင်းများကို အသုံးပြုလျက် ရှိကြောင်း Islam Khabar သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြသည်။

ပါကစ္စတန်၏ ပထဝီဝင် တည်နေရာကြောင့် ယင်းကို တောင်ပိုင်းလမ်းကြောင်း တစ်လျှောက် အရေးပါသော မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ဖြတ်သန်းမှု နေရာများအနက်က တစ်ခု ဖြစ်စေလျက်ရှိသည်ဟု ယင်း ဆောင်းပါးတွင် ဖော်ပြသည်။

ထို့ပြင် ပါကစ္စတန်သည် အိန္ဒိယ၌ အကြမ်းဖက်ဝါဒကို စပွန်ဆာပေးရန် မူးယစ်ဆေး ကုန်သွယ်မှုအပေါ် မှီခိုအားထားလျက် ရှိသည်ဟု ယင်းက ပြောသည်။

ပါကစ္စတန်သည် အာဖဂန်နစ္စတန်နှင့် ကီလိုမီတာ ၂၄၀၀ နယ်စပ်ချင်း ထိစပ်နေပြီး ယင်းနယ်စပ်က အများအားဖြင့် စိမ့်ဝင်ထိုးဖောက်နိုင်သည်။ ယင်းက မူးယစ်မှောင်ခိုကူးသူများအတွက် ဖြတ်သန်းမှု စင်္ကြံတစ်ခုအဖြစ် ရှိစေသည်။

အာဖဂန် မူးယစ်ဆေးများ၏ ၄၀ ရာခိုင်နှုန်းသည် ပါကစ္စတန်ကို ဖြတ်သန်းပြီးမှ နိုင်ငံတကာ ဈေးကွက်များသို့ ရောက်ရှိကြောင်း သိရသည်။

တန်ချိန်များစွာသော ဘိန်းပါသော ဆေးဝါးများနှင့် မက်သမ်ဖက်တမင်များကို အာဖဂန်နစ္စတန်ကပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဂူလမ် ခန်းမြို့ တော့ခမ် နယ်စပ်ဖြတ်ကျော်နေရာသို့ မှောင်ခိုကူးပြီး ထိုမှတဆင့် အဆိုပါ မူးယစ်ဆေးများကို လာဟိုးနှင့် ဖိုင်ဆယ်လာဘတ်သို့ ပို့ဆောင်၍ ကြီးမားသော ပို့ကုန်များအဖြစ်  ပြန်လည်ပြင်ဆင်ထုပ်ပိုးကြောင်း ဆောင်းပါးတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly