လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်-ပါကစ္စတန်အကြား တင်းမာမှုကို မြင့်တက်စေခဲ့

By Zee5
26 April 2022
လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်-ပါကစ္စတန်အကြား တင်းမာမှုကို မြင့်တက်စေခဲ့

အာဖဂန်နစ္စတန်နိုင်ငံ၏ ခို့စ်နှင့် ခူနာ ပြည်နယ်တို့တွင် မကြာသေးခင်က ပါကစ္စတန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ အရပ်သားအများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်က နှစ်နိုင်ငံအကြား တအုံနွေးနွေး ရှိနေခဲ့သည့် တင်းမာမှုများကို အရှိန်မြင့်တက်စေခဲ့ကြောင်း The New York Times က ဖော်ပြသည်။

ဧပြီ ၁၆ ရက် မနက်ပိုင်းက အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် ပါကစ္စတန် လုပ်ဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေသည် ၄၅ ဦးထက်မနည်း မြင့်တက်ခဲ့ပြီး အခြားလူအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဧပြီ ၁၇ ရက်တွင် ဒေသတာဝန်ရှိသူများက ပြောကြောင်း ယင်းသတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ရံဖန်ရံခါ ဖြစ်ပေါ်ခဲ့သည့် နယ်စပ်ဖြတ်ကျော် အမြှောက်ပစ်ခတ်မှုများကြောင့် အာဖဂန်အရပ်သားများ သေဆုံးထားခဲ့သည် ဆိုသော်လည်း ယခုတစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ခြင်းက ပြင်းထန်မှုအပိုင်းတွင် သိသာထင်ရှားစွာ ပိုမိုဆိုးဝါးလာမှုနှင့် ပါကစ္စတန်  ဏာပိုင်တို့ဘက်မှ စစ်တပ်အင်အား အသုံးပြုခဲ့မှုတို့ကို ပြသနေသည်။

တိုက်ခိုက်မှုများအပေါ် တာလီဘန် တာဝန်ရှိသူများက မဆိုင်းမတွ ဝေဖန်ပြစ်တင်ခဲ့ပြီး ပါကစ္စတန် စစ်လေယာဉ်က လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့ကပြောကြသည်။

“ခို့စ်နှင့် ခူနာ ပြည်နယ်တို့မှာ ဒုက္ခသည်တွေကို ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေအပေါ် တာလီဘန် အာဏာပိုင်တို့ဘက်က ပြင်းထန်စွာ ရှုတ်ချပါတယ်။ ပါကစ္စတန်တို့အနေနဲ့ ခုလိုမျိုး ကိစ္စတွေနဲ့ပတ်သက်လို့ အာဖဂန်တွေရဲ့ သည်းခံနိုင်စွမ်းကို မစမ်းသပ်ဖို့နဲ့ နောက်တစ်ကြိမ် ဒီလိုမျိုး အလားတူ အမှားမျိုး ထပ်မဖြစ်စေအောင် ထိန်းသိမ်းဖို့ တာလီဘန်အစိုးရဘက်က တောင်းဆိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရှိလာပါလိမ့်မယ်” ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က တွစ်တာတွင် ထုတ်ဖော်ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required