အီမရန် ခန်းသည် ပါကစ္စတန်လူ့အဖွဲ့အစည်းကို အကြမ်းဖက်မှုဆီ တွန်းပို့နေခဲ့ဟု ပညာရှင်တစ်ဦး ပြော

By Zee5
25 April 2022
အီမရန် ခန်းသည် ပါကစ္စတန်လူ့အဖွဲ့အစည်းကို အကြမ်းဖက်မှုဆီ တွန်းပို့နေခဲ့ဟု ပညာရှင်တစ်ဦး ပြော

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ ချုပ်ချယ် လိုမှုနှင့် အမုန်းတရားဖြစ်စေမှု မူဝါဒတို့က ပါကစ္စတန် လူ့အဖွဲ့အစည်းကို ထပ်မံ သဘောကွဲစေပြီး အကြမ်းဖက်မှုဆီ ဦးတည်စေလိမ့်မည် ဖြစ်ကြောင်း လူသိများသော ပညာရှင်တစ်ဦးဖြစ်သည့် တန်ဗီအာ ဇာမန်း ခန်းက တက်ကြွလှုပ်ရှားသူ ရှာဘီအာ ချောင်ဟရီ နှင့် အင်တာဗျူးတစ်ခု၌ ပြောကြားလိုက်သည်။

“အီမရန် ခန်းဟာ နိုင်ငံအတွက် ထိတ်လန့်ဖွယ်ရာ အခြေအနေတစ်ခုကို ဖန်တီးနေတာပါ။ သူ့ရဲ့ စုဝေးပွဲတွေထဲမှာဆိုရင် သူဟာ စစ်တပ်ကို ဖီလာဆန့်ကျင်တဲ့ ထုတ်ပြန်ချက်တွေ ပေးနေခဲ့တာပါ။ သူဟာ လူ့အဖွဲ့ အစည်းကို အကြမ်းဖက်မှုဆီ ရောက်အောင် တွန်းပို့နေသူပါ။ နိုင်ငံရေးကလွဲပြီး အခြေခံအဆင့် တစ်ခုအနေနဲ့ အီမရန် ခန်းဟာ ပါကစ္စတန် ပြည်သူတွေအကြား အမုန်းတရား ဖြစ်စေအောင် ဖန်တီးနေတာပါ” ဟု ဇာမန်းခန်းက ပါကစ္စတန်ရှိ လက်ရှိ နိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုသွားခဲ့သည်။

ထို့ပြင် ပါကစ္စတန်ပြည်တွင်းရေးတွင် အမေရိကန် လျှို့ဝှက်ပူးပေါင်းကြံစည်သည် ဆိုသည့် အီမရန် ခန်း၏ ပြောဆိုချက်မှာ လုံးဝ အဓိပ္ပါယ်မရှိဟု ၎င်းက ပြောခဲ့သည်။ “ဖြစ်ရပ် တစ်ခုလုံးက အဓိပ္ပါယ်ကို မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ပါကစ္စတန်၏ နိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး မေးခွန်းတစ်ခုနှင့် ပတ်သက်ပြီး ဇာမန်း ခန်းက လက်ရှိတွင် နိုင်ငံ၌ မကြုံစဖူးသော အခြေအနေအများအပြား ဖြစ်ပျက်လျက် ရှိသည်ဟု ပြောသည်။ 

“ပန်ဂျပ် လွှတ်တော်မှာ ရုတ်ရုတ်သဲသဲ ဖြစ်မှုကလည်း ပါကစ္စတန် နိုင်ငံရေးအတွက် အစွန်းအထင်းတစ်ခု ဖြစ်စေပါတယ်။ ပါကစ္စတန်ပြည်သူတွေဟာ တီဗွီကနေတဆင့် ဒီ ရုတ်ရုတ်သဲသဲ အခြေအနေကို စောင့်ကြည့်နေကြတာပါ” ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် PML-Q ခေါင်းဆောင်နှင့် ပန်ဂျပ် လွှတ်တော်ဥက္ကဋ္ဌ ပါဗိုင့်ဇ် အီလာဟီ ဒဏ်ရာရရှိမှုက လုပ်ဇာတ်တစ်ခုသာ ဖြစ်ခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။ ယင်းက နိုင်ငံရေး ဇာတ်လမ်းတစ်ခုဖြစ်သည်ဟု ၎င်းက ပြောခဲ့ပြီး လွှတ်တော်၌ စိတ်အနှောင့်အယှက်
ဖြစ်စရာအခြေအနေများကို ဖန်တီးခဲ့သူအားလုံးမှာ သရုပ်ဆောင်များ ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly