မြန်အောင်မြို့နယ် Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ

မြန်အောင်မြို့နယ် Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ

ဧပြီ ၂၄

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ငှက်ကြီးကွင်းအုပ်စု၊ မြေပြသရက်ကုန်းကျေးရွာတွင် ဧပြီလ ၂၂ ရက်နေ့ ည ၈ နာရီခန့်က စစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို ဧရာဝတီ ဒေါင်းတမာန် PDF တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

"ဖောက်ခွဲမှုကတော့ တာဝါတိုင်အောက်မှာရှိတဲ့ စက်တွေအားလုံး ပျက်စီးသွားပါတယ်။ ကျွန်တော်တို့ ဧရာဝတီ ဒေါင်းတမာန် PDF အနေနဲ့ စစ်မိစ္ဆာ ခွေးတစ်သိုက် အမြစ်ပြတ်ကျရှုံးရေးအတွက် တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် စစ်ခွေး၊ ရဲခွေး (စစ်ကောင်စီတပ်နှင့်ရဲ) တွေ ရှိရာကို မသွားကြပါနဲ့လို့ ပြည်သူတွေကို ပြောချင်ပါတယ်" ဟု ၎င်းကဆိုသည်။

ပေါက်ကွဲမှု အပြီး စစ်ကောင်စီတပ်နှင့် ရဲများက မြေပြသရက်ကုန်းကျေးရွာအနီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မတရား ဖမ်းဆီးမှုများ ပြုလုပ်လာနိုင်သဖြင့် ဒေသခံများ သတိထား နေထိုင်ကြရန် ၎င်းက သတိပေးသည်။

#Mizzima

#Mytel

#မြန်အောင်မြို့နယ်

#ဒေါင်းတမန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required