တရုတ်အစိုးရကြောင့် တိဗက်တွင် မိမိကိုယ်ကိုယ်မီးရှို့သတ်သေမှုများ ဆက်လက်ဖြစ်ပွား

တရုတ်အစိုးရကြောင့် တိဗက်တွင် မိမိကိုယ်ကိုယ်မီးရှို့သတ်သေမှုများ ဆက်လက်ဖြစ်ပွား

တရုတ်နိုင်ငံနယ်နိမိတ်အတွင်း ၂၀၀၉ ခုနှစ်မှစတင်၍ မိမိကိုယ်ကို မီးရှို့သေကြောင်းကြံသည့် တိဗက်လူမျိုး ၁၅၉ ဦးရှိကြောင်း RFA သတင်းဌာနက မှတ်တမ်းတင်ထားသည်။

နီပေါနှင့် အိန္ဒိယတို့တွင်လည်း ၁၀ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်အစိုးရ ရန်ပုံငွေအဖွဲ့အစည်း၏ အချက်အလက်များအရ သိရသည်။ အများစုသည် တိဗက်ဘုန်းတော်ကြီးများဖြစ်ကြပြီး တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ခံနေကြရသော နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ရက်စက်ကြမ်းကြုတ်သောနည်းဖြင့် မိမိကိုယ်ကို သတ်သေကြခြင်းဖြစ်သည်ဟု ပညာရှင်များက ယုံကြည်ကြသည်။

တိဗက်အဆိုတော် ဆီဝမ်သည် ပြင်းထန်သောမီးလောင်ဒဏ်ရာများဖြင့် သေဆုံးပြီးနောက် တရုတ်အာဏာပိုင်များသည် ပြီးခဲ့သည့်လက လာဆာမြို့တွင် ကန့်သတ်ထိန်းချုပ်မှုများ ချမှတ်ခဲ့သည်။

ဆီဝမ်နော်ဘူသည် မတ်လ ပထမပတ်တွင် တိဗက်မြို့တော် လာဆာရှိ ပြည်သူ့ဆေးရုံတွင် သေဆုံး သွားခဲ့‌ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များက တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှု (ICT) ကို အသိပေးခဲ့သည်။ 

လာဆာသေဆုံးသည့်သတင်းကို ပြင်ပသို့မပေါက်ကြားစေရန် ဆေးရုံနှင့်လာဆာမြို့တစ်ဝန်းတွင် လုံခြုံရေးတိုးမြှင့်ချထားခဲ့ကြောင်း ICT ကဖော်ပြသည်။

နယ်မြေခံ ရဲစခန်း၊ ပြည်တွင်းလုံခြုံရေးဗျူရို၊ အတိုက်အခံများနှင့်တက်ကြွလှုပ်ရှားသူများကို ကိုယ်တွယ်ဖြေရှင်းရန် တာဝန်ရှိသော ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လုံခြုံရေးအရာရှိများနှင့် အရပ်ဝတ်နှင့် လုံခြုံရေးအဖွဲ့များသည် ဆေးရုံအတွင်း တပ်စွဲထားခဲ့သည်။

လူနာများ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ဆေးရုံဝန်ထမ်းများသည် ဆေးရုံတွင် လုံခြုံရေး ထူထပ်စွာချထားခြင်းအတွက် စိုးရိမ်နေကြသည်ဟု ICT ၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly