ပါကစ္စတန်တွင် အမျိုးသမီးများအကြား အစွန်းရောက်အယူဝါဒကိုင်စွဲမှု တိုးမြင့်လာ

By The Print
19 April 2022
ပါကစ္စတန်တွင် အမျိုးသမီးများအကြား အစွန်းရောက်အယူဝါဒကိုင်စွဲမှု တိုးမြင့်လာ

ပါကစ္စတန်နိုင်ငံတွင် ပိုမိုဆိုးဝါးလာနေသည့် စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုတို့ ရှိနေစဉ် နိုင်ငံ၏ လူ့အဖွဲ့အစည်းထဲတွင် အမျိုးသမီးများ အပါအဝင် အလွှာစုံ၌ အစွန်းရောက်အယူ ကိုင်စွဲမှု များပြားလာနေခြင်းနှင့် ကြုံတွေ့နေရကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

နိုင်ငံရှိ အမျိုးသမီး သီးသန့် အစ္စလမ်ဘာသာရေးကျောင်း ထောင်နှင့်ချီတွင် စနစ်တကျ အယူဝါဒ သွတ်သွင်းခံ ထားရသည့် အမျိုးသမီးများအကြားတွင်ပင် အစွန်းရောက်အယူ စွဲကိုင်မှုများက တိုးမြင့်လာ နေခြင်းဖြစ်သည်ဟု လည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဒီရာ အစ္စမေးလ် ခန် ခရိုင်ရှိ အမျိုးသမီး အစ္စလမ်ဘာသာရေးကျောင်းတစ်ခု၌ ကျောင်းသူမိန်းကလေး ၃ ဦးက ၎င်းတို့၏ အသက် ၁၈ နှစ်အရွယ် ဆရာမဖြစ်သူ ဆာဖူးရာ ဘီဘီအား တိုက်ခိုက်ခဲ့ပြီး ကျောင်းဂိတ်ပေါက်၌ သူမအား ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့သည်။

လူသတ်မှုတွင် ပါဝင်သည့် မိန်းကလေးတစ်ဦးက ရဲစခန်း၌ ထွက်ဆိုရာတွင် သူမ၏ အသက် ၁၃ နှစ်အရွယ် ဆွေမျိုးမိန်းကလေးတစ်ဦးအား ကိုးကွယ်ယုံကြည်သူအချို့က အိပ်မက်ပေးခဲ့ရာတွင် ကျောင်းဆရာမသည် အစ္စလမ်ဘာသာကို စော်ကားထားသူဖြစ်သောကြောင့် ၎င်းအား ခေါင်းဖြတ်ရမည်ဟု ညွှန်ကြားခဲ့ကြောင်း ပါကစ္စတန် မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်တွင် အစွန်းရောက်ဝါဒီ အယူသဘောတရား ပြဿနာနှင့် ဆက်လက် လုံးပန်းနေရသည့် အကြောင်းရင်းက ယခင်အတိတ်ကာလမှစပြီး လက်ရှိအချိန်ကာလအထိ တာဝန်ယူခဲ့သော ခေါင်းဆောင်အားလုံး သည် နိုင်ငံရေး အကျိုးအမြတ်အတွက် နိုင်ငံရှိ အယူသန်သူများကို အလိုလိုက်လွန်းခဲ့ခြင်းကြောင့် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly