ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပျက်ပြားစေသည့် တရုတ်အစိုးရကို အမေရိကန်၏ အစီရင်ခံစာတွင် အပြစ်တင်ထား

ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပျက်ပြားစေသည့် တရုတ်အစိုးရကို အမေရိကန်၏ အစီရင်ခံစာတွင် အပြစ်တင်ထား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွင် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိခိုက်ပျက်စီးစေသည့် တရုတ်အစိုးရကို ပြစ်တင်ပြောကြားလိုက်သည်။

ဟောင်ကောင်၊ မကာအိုနှင့် တိဘက်တို့ အပါအဝင် တရုတ်နှင့် ပတ်သက်သည့် ဧပြီ ၁၃ရက် ထုတ်ဝေခဲ့သည့် ၂၀၂၁ခုနှစ် တရုတ်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများတွင် ဟောင်ကောင်၌ တရုတ်၏ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ပုံများကို ဖော်ပြခဲ့သည်။

ဟောင်ကောင်ခရိုင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား တရုတ်အစိုးရက အရှိန်အဟုန်ဖြင့် ပြန်လည်ပြင်ဆင်မှုသည် 'တရုတ်က စိစစ်အတည်ပြုပြီးသော ကိုယ်စားလှယ်လောင်းများသာ မည်သည့်အဆင့်တွင်မဆို ရာထူး ထမ်းဆောင်ခွင့်ရမည်' ဟု ထိရောက်စွာ အာမခံထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဟောင်ကောင်သားများသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမှတစ်ဆင့် ၎င်းတို့၏ အစိုးရကို ငြိမ်းချမ်းစွာ ပြောင်းလဲရန် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ဟုလည်း ကောက်ချက်ချခဲ့သည်။

၂၀၂၁ခုနှစ် ရွေးကောက်ပွဲများ ပြုပြင်ပြောင်းလဲမှုတွင် သြဇာကြီးသော ရွေးကောက်ပွဲ ကော်မတီသို့ ကြိုတင် စီစဉ်ထားသည့် ကဏ္ဍအသစ်ကို ထည့်သွင်းခဲ့ပြီး၊ ဟောင်ကောင် ဥပဒေပြုကောင်စီနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူကို ဆုံးဖြတ်ရန် အခွင့်အာဏာအသစ်များကို ပေးအပ်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေးပြုလုပ်ပြီးနောက် ပထမဆုံးကျင်းပသည့် ဒီဇင်ဘာ ရွေးကောက်ပွဲသည် ၁၉၉၇ ခုနှစ် နောက် ပိုင်း မဲပေးသူ အနည်းဆုံးဖြစ်ခဲ့ပြီး မဲဆန္ဒနယ် ၉၀ တွင် တရုတ်လိုလားသော ကိုယ်စားလှယ်လောင်း ၈၉ ဦး အနိုင်ရခဲ့သည်။

အစီရင်ခံစာသည် ဟောင်ကောင်၏ နိုင်ငံရေး၊ မီဒီယာနှင့် အရပ်ဘက်နယ်ပယ်များတွင် ၂၀၂၀ပြည့်နှစ်၊ ဇွန်လ တွင် တရုတ်က ပြဌာန်းခဲ့သော ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ် ချက်သည့် ပြင်းထန်သော အကဲဖြတ်ချက်လည်း ပါဝင်သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း တရုတ်အာဏာပိုင်များသည် အစိုးရဆန့်ကျင်သည့် ထိပ်တန်းသတင်း အေဂျင်စီ ၂ ခုကို ဖြိုခွဲခြင်း၊ ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းနှင့် ဖိအားပေး ပိတ်သိမ်းရန် အာဏာပိုင်များက ဥပဒေကို အသုံးချခဲ့သည်။

ရှင်ကျန်းရှိ ဝီဂါအပါအဝင် တိုင်းရင်းသားလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက်လည်း တရုတ်ကို အမေရိကန်က အစီရင်ခံစာတွင် ဝေဖန်ထောက်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly