တရုတ်က ဗဟိုအာရှတွင် အင်ပါယာတစ်ခုကို ထူထောင်နေကြောင်း မီဒီယာသတင်းထွက်ပေါ်

တရုတ်က ဗဟိုအာရှတွင် အင်ပါယာတစ်ခုကို ထူထောင်နေကြောင်း မီဒီယာသတင်းထွက်ပေါ်

ငွေကြေးပမာဏ အများအပြား ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ခါးပတ်လမ်းရပ်ဝန်း အစီအစဉ် (BRI) ကို အသုံးချကာ တရုတ်အစိုးရက ဗဟိုအာရှတွင် အင်ပါယာတစ်ခုကို မသိမသာ ဖန်တီးနေကြောင်း Beijing Bulletin အွန်လိုင်းသတင်းစာ တွင် ရေးသားဖော်ပြထားသည်။

သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် ခါးပတ်လမ်းရပ်ဝန်းအစီအစဉ် ဖြစ်လာမည့် ဒေါ်လာ ဘီလျံများစွာသုံးစွဲရမည်ဖြစ်သော ပိုးလမ်းမ စီးပွားရေး စီမံကိန်းသစ်ကို ထုတ်ပြန်ကြေညာရန် ကာဇက် စတန်မြို့တော် အက်စ်တာနာ (နူအာစူလတန် ဟု ထိုအချိန်မှစ၍ အမည်ပြောင်းခဲ့သည်) ကို ရွေးချယ်ခဲ့သည်။

ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် တရုတ်အစိုးရအနေဖြင့် ၂၀၀၁ ခုနှစ်မှစတင်၍ သံတမန်နှင့် ကုန်သွယ်မှု ဆက်ဆံရေးတို့တွင် အချိန်ယူ တည်ဆောက်ခဲ့သည်။ ယင်းနှစ်တွင် ရုရှားအပါအဝင် တာမင်နစ္စတန်နိုင်ငံမှလွဲ၍ ဆိုဗီယက်ခေတ်ဗဟိုအာရှနိုင်ငံတိုင်း ပါဝင်သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်အစိုးရက နောက်နှစ်များတွင် ယင်းလုပ်ငန်းစဉ်ကို တိုးချဲ့ခဲ့သလို တိုးတက်လာသည့် စီးပွားရေး အင်အားကြောင့် နိုင်ငံသည်လည်း ဗဟိုအာရှနိုင်ငံများ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်လာသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကိုလည်း ဒေသအနှံ့ ဆက်လက် တည်ဆောက်ခဲ့သည်။

‌တရုတ်စီးပွားရေး လုပ်ငန်းများ ဒေသတွင်းများစွာ ပေါ်ထွက်လာခဲ့သလို SCO ကိုလည်း တိုးချဲ့ လုပ်ကိုင်ခဲ့သည်။ တာဂျစ်ကစ္စတန်တွင် လုံခြုံရေးခြေကုပ်ယူခြင်းကို သတိကြီးစွာ လုပ်ကိုင်ခဲ့သည်။ BRI ကို တိုးချဲ့လိုက်ခြင်းကြောင့် တရုတ်၏ ဒေသတွင်း ကွန်ရက်သည် ပိုမိုကျယ်ပြန့်လာခဲ့သည်။

ကြီးမားသော စီးပွားရေးချိတ်ဆက်မှုများ၊ ပထဝီအခြေအနေ ထိပ်စပ်မှုနှင့် ပြည်တွင်းရေးကိစ္စများတွင် တရုတ်က အဓိကကျသည့်နေရာ၌ ရှိလာခဲ့သည်။

‌သမိုင်းကြောင်းအရ ရှင်ကျန်းဒေသသည် ဗဟိုအာရှဒေသတွင် ပါဝင်ခဲ့သော်လည်း ၁၉၄၉ ခုနှစ်တွင် တရုတ်က ပိုင်နက်အတွင်းသို့ ထည့်သွင်းခဲ့ရာ တရုတ်အစိုးရက ဒေသအတွင်း ပုံဖော်ရာတွင် အဓိကကျသည့် နေရာဖြစ်လာခဲ့သလို အစိုးရက အစ္စလာမ္မစ်အစွန်းရောက်ဝါဒနှင့် ပတ်သက်၍ စိုးရိမ်စွာဖြင့် အထူးစောင့်ကြည့်ရသည့်နေရာ ဖြစ်ခဲ့သည်။ တရုတ်အစိုးရက စခန်းသွင်းစသစ်ကျင့်သုံးပြီး နှိပ်ကွပ်မှုကြောင့် ကမ္ဘာ့အသိုင်းအဝန်းက ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly