အိန္ဒိယ သံအမတ်ကြီးနှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး (ဒုတိယပိုင်း)

အိန္ဒိယ သံအမတ်ကြီးနှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး (ဒုတိယပိုင်း)

(မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya နှင့် အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ရာ၊ အိန္ဒိယ-မြန်မာ ဆက်ဆံရေး၊ Act East မူဝါဒ၊ ကုန်သွယ်မှု မြှင့်တင်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးကိစ္စ၊ မြန်မာ့ ရွေးကောက်ပွဲအပေါ် သံအမတ်ကြီး၏ အပြုသဘောအမြင် စသည့် အကြောင်းအရာများကို သံအမတ် ကြီးက ပြောပြခဲ့သည်ကို နောက်ဆုံးပိုင်းအဖြစ် ဖေါ်ပြလိုက်ပါသည်။ ပထမပိုင်းကို ဤနေရာတွင် http://www.mizzimaburmese.com/article/10469  သွားရောက် ကြည့်ရှုနိုင်ပါသည်။)

ဒေသတွင်းက တရုတ်ကိစ္စကိုလည်း ကျွန်တော် မေးချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အ ကြာက အိန္ဒိယ ခေါင်းဆောင်တစ်ယောက်က ပြောခဲ့တာရှိပါတယ်။ အိန္ဒိယရဲ့ နံပါတ်တစ် စိုးရိမ်မှှုက တရုတ်နိုင်ငံလို့ ပြောခဲ့တာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ် Modi လက်အောက်မှာ တရုတ်နဲ့ အိန္ဒိယအကြား ဆက်ဆံရေး တိုးတက်လာတာ ကျွန်တော်တို့ သတိပြုမိပါတယ်။ မြန်မာအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှှုကို ထေမိအောင် ဆောင်ရွက်ခြင်းနဲ့ ပတ်သတ်ပြီး အိန္ဒိယ-တရုတ် ဆက်ဆံရေးအပေါ် ခင်ဗျား ဘယ်လိုထင်လဲ။

ဒီမေးခွန်းကို ကျွန်တော် မဖြေခင်မှာ နောက်ဆုံးမေးခွန်းတစ်ခုရဲ့ ကျန်နေတဲ့ အပိုင်းတစ်ခုနဲ့ ပတ်သတ်ပြီး ကျွန်တော် ပြောချင်ပါတယ်။ ဥပမာအားဖြင့် အိန္ဒိယအစိုးရဟာ ရေကြောင်း ကုန်စည်ပို့ ဆောင်ရေး ဝန်ဆောင်မှှု လုပ်ငန်းတွေကို အမှန်တကယ် ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကုန်သွယ်မှှုဟာ ဟန်ချက် စညီနေပြီဆိုတာကို မြင်ရပါပြီ။ စီးပွားရေးအရ ထိန်းထားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ရေကြောင်း ကုန်စည်ပို့ဆောင်ရေး ကဏ္ဍမှာလည်း ကြိုးပမ်း အားထုတ်မှှုတွေ လုပ်နေပါပြီ။

တရုတ်ကိစ္စ မေးခွန်းနဲ့ ပတ်သတ်ပြီး ဖြေရမယ်ဆိုရင် အိန္ဒိယလွှမ်းမိုးမှှုကို ထေမိရေး၊ တရုတ် လွှမ်းမိုးမှှုကို ထေမိရေး ဒါမှမဟုတ် အဲလို ပြိုင်ဆိုင်မှှုဆိုတာတွေနဲ့ ပတ်သတ်ပြီး အများကြီး ပြောခဲ့ကြပြီလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါမျိုးတွေ အများစုဟာ လူတွေရဲ့ စိတ်ကူးထင်မြင်ချက် တွေလို့ ကျွန်တော် ထင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး တရုတ်ရော အိန္ဒိယပါ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြိုင်နေကြတာ မဟုတ်ပါဘူး။

တခြားနိုင်ငံတွေ ပြိုင်ချင် ပြိုင်နေကြပါလိမ့်မယ်။ ဒါပေမဲ့ တရုတ်နဲ့ အိန္ဒိယက ပြိုင်မနေကြပါဘူး။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားကြတဲ့ ရွှေ သဘာဝ ဓာတ်ငွေ့ ကဏ္ဍမှာဆိုရင် ဖော်ထုတ် အသုံးချရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေနဲ့ ပတ်သတ်ပြီး တကယ်ကို ပူးပေါင်း ဆောင်ရွက်နေကြတာပါ။ တရုတ်ကိုကြည့်ပြီး အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ကျွန်တော်တို့ ချမှတ်နေတာ လုံးဝ မဟုတ်ပါဘူး။ ရှေးကာလကတည်းက ဖြစ်တည်လာတဲ့ သမိုင်းဝင် ဆက်ဆံရေးမျိုး ကျွန်တော်တို့မှာ ရှိပါတယ်။ ကိုလိုနီခေတ် အချိန်တွေမှာရော ကိုလိုနီအလွန်ခေတ် အချိန်တွေမှာပါ ရှိခဲ့တာပါ။

လေးနက်တဲ့ ယဉ်ကျေးမှှုဆိုင်ရာ ဆက်နွယ်မှှုတွေ၊ ပထဝီအနေအထားဆိုင်ရာ ဆက်နွယ်မှှုတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အိန္ဒိယ အရှေ့မြောက်ပိုင်းရဲ့ အကျိုးစီးပွားဟာ မြန်မာကနေတဆင့် အရှေ့တောင်အာရှနဲ့ ကုန်သွယ်မှှုတွေ၊ မြန်မာနဲ့ ကုန်သွယ်မှှုတွေအပေါ် အများကြီး မူတည်နေတာပါ။ ဒါကြောင့်မို့ မြန်မာနဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ စိတ်ဝင်စားကြပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယ အရှေ့မြောက်ပိုင်းနဲ့ အိမ်နီးချင်းဖြစ်သလို တံခါးပေါက်တစ်ခုလည်း ဖြစ်ပါတယ်။ စီးပွားဖက်အဖြစ် ဘယ်နိုင်ငံကို အလိုရှိသလဲဆိုတာက မြန်မာနိုင်ငံကပဲ ရွေးချယ်ရမှာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တက်ကြွတဲ့ စီးပွားဖက် ဖြစ်မယ်ဆိုရင်လည်း ပြဿနာ မရှိပါဘူး။ ဘာကြောင့် ပြဿနာလို့ သဘောထားရမှာလဲ။ တခြားနိုင်ငံတွေနဲ့လည်း အဲလိုပြဿနာမျိုး ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ အိန္ဒိယ-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး တခြား နိုင်ငံတစ်ခုခုကို ပြိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ မရှုမြင်ပါဘူး။

သံအမတ်တစ်ယောက်အနေနဲ့ ခင်ဗျားဟာ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်လို နိုင်ငံတွေကို ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး ဘယ်လို ထင်မြင် ယူဆပါသလဲ။

ပထမဆုံး ပြောချင်တာက မြန်မာနိုင်ငံနဲ့ ခင်ဗျားပြောခဲ့တဲ့ နိုင်ငံတွေကို နှှိုင်းယှဉ်ကြည့်လို့ မရဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဲဒီလိုမျိုး သူပုန်ထမှှုတွေကို မြန်မာနိုင်ငံဟာ ကိုလိုနီခေတ် အတွေ့အကြုံတွေကနေ ဆက်ခံ ရရှိခဲ့တာပါ။ လွတ်လပ်ရေးရအပြီး ကာလမှာ မြန်မာနိုင်ငံဟာ အဲဒီပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်အတွင်းမှာတော့ အခြေအနေတွေ တိုးတက်လာအောင် လက်ရှိ မြန်မာအစိုးရက ကောင်းကောင်း ကြိုးပမ်းအားထုတ်ခဲ့တာ၊ သမ္မတ ဦးသိန်းစိန် လုပ်ဆောင်နေတဲ့   ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲမှာ အဲဒါကို အရေးတကြီး ဦးစားပေးထားတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြတယ်ဆိုတဲ့ အချက်အပါအဝင် တိုးတက်မှှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရပါတယ်။ မကြာသေးမီက   ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာလည်း အဲဒီလုပ်ငန်းစဉ်ကို ဆက်ကြိုးပမ်းနေကြကြောင်း ကျွန်တော်တို့ သိကြပါတယ်။ အာဏာရလာတော့မယ့် အစိုးရသစ်ရဲ့ စေတနာကိုလည်း ကျွန်တော်တို့ သိကြပါတယ်။ ဒါကြောင့်မို့ အရမ်းခိုင်မာတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ရပ် တည်ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

ပြီးတော့ တခြားအချက်တွေအရလည်း အရမ်းကွဲပြားပါတယ်။ ဒီဟာကို အဆင့်နိမ့် သူပုန်ထမှှု တွေလို့ ကျွန်တော်တို့ ခေါ်ကြပါတယ်။ အဲဒါတွေဟာ တကယ်ပြင်းထန်တဲ့ ခွဲထွက်ရေး လှှုပ်ရှားမှှုတွေ မဟုတ်ပါဘူး။

ပြီးတော့ အဲဒါတွေဟာ အကြမ်းဖက်လှှုပ်ရှားမှှုတွေ၊ အကြမ်းဖက် ပြဿနာတွေ လုံးဝ မဟုတ်ပါဘူး။ ဆီးရီးယားမှာ ကျွန်တော်တို့ မြင်တွေ့ကြရတာက အခြေခံဝါဒီတွေရဲ့ အကြမ်းဖက် ပြဿနာပါ။ အာဖဂန်နစ္စတန်မှာ ကျွန်တော်တို့ တွေ့ကြရတာကလည်း မတူညီတဲ့ နည်းလမ်းတွေ၊ မတူညီတဲ့ ဒီဂရီတွေရှိတဲ့ အကြမ်းဖက် ပြဿနာပါ။ တခြား မတူညီတဲ့ အချက်တွေလည်း အများကြီး ရှိပါသေးတယ်။

ဒီမှာတွေ့ရတဲ့ သူပုန်ထမှှု ဒါမှမဟုတ် ပဋိပက္ခဟာ လက်နက်ကိုင် အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် သူပုန်တွေအကြား အကန့်အသတ်ရှိတဲ့ ပဋိပက္ခတစ်ရပ်ပါ။ ဒါဟာ ပြည်တွင်းစစ်တစ်ခု ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒီဟာမှာ အရပ်သားတွေ၊ အပြစ်ကင်းသူတွေ မပါဝင်ကြပါဘူး။ ဒါပေမဲ့ တချို့လူတွေကတော့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေအဖြစ် ဆိုးကျိုး ခံစားကြရသလို၊ ပစ်ခတ် မှှုတွေကြားမှာ၊ ရံဖန်ရံခါ ပဋိပက္ခတွေကြားမှာ ဒုက္ခရောက်ကြရပါတယ်။ (ပြီးတော့ အဲဒါတွေကို သေးသိမ်အောင်လည်း ကျွန်တော် မပြောချင်ပါဘူး။) ခြုံငုံပြောရရင်တော့ အဲဒါဟာ လက်နက်ကိုင် သူပုန်တွေက လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒ ပဋိပက္ခ တစ်ရပ် မဟုတ်သလို အခြေခံဝါဒီ ပြဿနာတစ်ရပ်လည်း မဟုတ်ပါဘူး။ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ် မျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကြီးမားတဲ့ ကွဲပြားခြားနားမှှု ရှိနေပါတယ်။

လွန်ခဲ့တဲ့ လေး၊ငါးနှစ်အတွင်း မြန်မာမှာ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အိန္ဒိယက တစ်နည်းနည်းနဲ့ ပါဝင်မှှုရှိလား။

တိုက်ရိုက်ပါဝင်မှှု မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို မျှဝေဖို့ဆိုရင်တော့ အမြဲ အဆင့်သင့်ပါ။ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စိတ်ဝင်စားကြသူတွေက အိန္ဒိယက ကျွမ်းကျင်သူတွေရဲ့ အကူအညီကို အတိုင်းအတာတစ်ခုအထိ ရယူခဲ့ကြပါတယ်။ ကျွန်တော် တို့ရဲ့ ကျွမ်းကျင်မှှု အကူအညီအများစုကတော့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပုံစံမျိုးနဲ့ ပေးခဲ့ကြ တာပါ။ လွတ်လပ်ရေးရတဲ့အချိန်မှာ မြန်မာနဲ့ အိန္ဒိယမှာ တူညီတဲ့ပြဿနာတွေ ရှိခဲ့ကြပါတယ်။

အိန္ဒိယမှာတော့ လူမျိုးစုကိစ္စရပ်တွေကို ဒီမိုကရေစီ စနစ်တစ်ရပ်အတွင်းမှာ ပိုပြီး အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တဲ့ အတွေ့အကြုံတော့ ရှိပါတယ်။ သေးငယ်တဲ့ ပြဿနာလေးတွေတော့ အတိုင်းအတာတစ်ခုအထိ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို ရယူနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံ အခြေအနေနဲ့ လျော်ညီအောင် ဘယ်လို အသုံးပြုမလဲ ဆိုတာကတော့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ဆောင်ရွက်သူတွေ၊ ငြိမ်းချမ်းရေး ညှိနှှိုင်းသူတွေအပေါ် အမှန်တကယ် မူတည်နေပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်နည်းနဲ့မဆို ကူညီဖို့ ဆန္ဒရှိပါတယ်။

ဒီမြန်မာနိုင်ငံက ရွေးကောက်ပွဲကို ကူညီတာကို ခင်ဗျား ကြုံတွေ့ခဲ့ရပါပြီ။ ခင်ဗျားအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကို လေ့လာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရသစ်ဆီကနေ ခင်ဗျား ဘာတွေ မျှော်လင့်ထားလဲ။ အစိုးရသစ်အောက်က မြန်မာ-အိန္ဒိယ ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ခင်ဗျား ဘယ်လို ထင်မြင်ယူဆသလဲ။ ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ အိန္ဒိယနဲ့ မစိမ်းပါဘူး။ သူဟာ အိန္ဒိယမှာ ပညာတောင် သင်ယူခဲ့သေးတာပါ။ မြန်မာအစိုးရ သစ်နဲ့ ဘယ်လိုဆက်ဆံရေးမျိုး ခင်ဗျား မျှော်လင့်ထားသလဲ။

ပထမဆုံး ပြောချင်တာကတော့ ရွေးကောက်ပွဲကျင်းပပုံကို ကျွန်တော်တို့ ချီးကျူးရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အထူးချီးကျူးရမှာကတော့ မဲဆန္ဒရှင်တွေကိုပါ။ ဒါဟာ ထူးခြားလှတဲ့ အတွေ့အကြုံတစ်ရပ်ပါ။ ရွေးကောက်ပွဲမှာ ကျွန်တော်တို့သံရုံးကလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ ပါတယ်။ တကယ်တော့ ပြည်နယ်နှစ်ခုကလွဲလို့ ပြည်နယ်တိုင်းမှာ ကျွန်တော်တို့ ရှိခဲ့တာပါ။ တချို့ နေရာတွေမှာဆိုရင် ကျွန်တော်တို့ဆီက လူ တစ်ယောက်ထက်ပိုပြီး ရှိခဲ့ပါတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲ ပါဝင်မှှုနဲ့ ပတ်သတ်ပြီး တကယ်ကို ထူးခြားတဲ့ အားထုတ်မှှုနဲ့ ကျွန်တော်တို့ ကြုံခဲ့ပါ တယ်။

ရွေးကောက်ပွဲရလဒ်ကတော့ အားလုံးသိကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ခြုံငုံပြီး ပြောရမယ်ဆိုရင် ရွေးကောက်ပွဲရလဒ်တွေဟာ လူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီနေပါတယ်။ ကျွန်တော်တို့ကတော့ ကံကောင်းစွာပဲ အနေအထားကောင်းမှာ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိအစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်နေသလို၊ နောက်တက်လာမယ့် အစိုးရနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ပြည်သူအချင်းချင်း ဆက်ဆံရေး၊ ပြီးတော့ နိုင်ငံအချင်းချင်း ဆက်ဆံရေး ဖြစ်ပါတယ်။ ဆက်ဆံရေးဟာ လူပုဂ္ဂိုလ်တွေ တစ်ဦးချင်းအပေါ် ဒါမှမဟုတ် ပါတီတွေအပေါ် မှီခိုနေတာမျိုး မဟုတ်ပါဘူး။ ဘယ်ပါတီပဲအာဏာရရ၊ အိန္ဒိယမှာလည်း ဘယ်ပါတီ အာဏာရနေနေ၊ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါလိမ့်မယ်။ ဒါဟာ အခြေခံသဘောတရား တစ်ခုဖြစ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြားမှာ ဘာပြဿနာတွေမှ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။

အစိုးရသစ်ဆီကနေ ဘာတွေ မျှော်လင့်နိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောရရင် အဲဒါက အတူတူပဲလို့ ကျွန်တော် ထင်ပါတယ်။ မြန်မာအစိုးရတိုင်းဟာ မျိုးချစ်စိတ်ရှိပြီး အမျိုးသား အကျိုးစီးပွားကို ဦးစားပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အိန္ဒိယမှာ နေခဲ့ပါလိမ့်မယ်။ ပြီးတော့ အိန္ဒိယနိုင်ငံနဲ့ ပတ်သတ်ပြီး အောက်မေ့တမ်းတစရာ ဆက်နွယ်မှှုတချို့ သူ့ဆီမှာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးဦးဆောင်မှှု၊ အမျိုးသား အကျိုးစီးပွား စတာတွေနဲ့ ပတ်သတ်လာရင် သူဟာ အခြေခံစည်းမျဉ်းကနေ သွေဖည်သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မထားပါဘူး။ ဘယ်သူကမှလည်း အဲလို မျှော်လင့်ကြမှာ မဟုတ်ပါဘူး။ သူဟာ အဲဒီစည်းမျဉ်းအတိုင်း ဆောင်ရွက်ပါလိမ့်မယ်။ အဲဒီကနေ သွေဖည်သွားလိမ့်မယ်လို့ ကျွန်တော်တို့ တွေးစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံတဲ့ တူညီတဲ့ သဘောတရား၊ တူညီတဲ့ နားလည်မှှု စတာတွေကိုပဲ အခြေခံပြီး သူနဲ့ ဆက်ဆံသွားရမှာပါ။

၂၀၁၀-၂၀၁၁ မှာ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံ စတင် လုပ်ဆောင်က တည်းက ကျွန်တော် သတိထားမိတာက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အကူအညီ ပေးဖို့အတွက် အိန္ဒိယနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်ကြတဲ့ အစီအစဉ်တချို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပိုအားကောင်းလာဖို့အတွက် ဘယ်လို ပြုပြင်ပြောင်းလဲရေးမျိုးတွေကို ခင်ဗျား ပိုလုပ်ချင်လဲဆိုတာကို ကျွန်တော့်ကို ပြောပြလို့ရမလား။

ကျွန်တော်တို့ အဓိက တွန်းအားပေးတာကတော့ ဖွံ့ဖြိုးရေးပါ။ ပြီးတော့ ကျွန်တော်တို့မှာ ဖွံ့ဖြိုးရေး မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှှု ရှိတယ်ဆိုတာကို လက်ရှိကာလမှာ လူအနည်းငယ်ပဲ သိကြပါတယ်။ အခုအချိန်မှာ အကုန်လုံးကတော့ ပြည့်မီနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည့်မီလာ အောင် ပြုလုပ်နေတဲ့ အနေအထားမှာ ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်ရှိတဲ့ စီမံကိန်းတွေပါ။ အဲဒီဒေါ်လာ ၂ ဘီလီယံထဲက ၁ ဒသမ ၂ ဘီလီယံကို လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေထဲမှာ တိုက်ရိုက်ငွေကြေး မတည်ထားတာပါ။ ဒေါ်လာသန်း ၇၅၀ လောက်ကတော့ soft LOC စနစ်နဲ့ ချေးမှာဖြစ်ပြီးတော့ အဲဒီငွေတွေကို ထုတ်မပေးရသေးပါဘူး။ ကျွန်တော်တို့ လုပ်နေတဲ့ ဒုတိယတစ်ခုကတော့ စွမ်းဆောင်ရည် တည်ဆောက်ခြင်းနဲ့ ပတ်သတ်တာပဲ ဖြစ်ပါတယ်။ လုပ်နေတာ နှစ်ခုက လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ ကဏ္ဍနဲ့ စွမ်းဆောင်ရည်တည်ဆောက်ရေး ကဏ္ဍတွေပဲ ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှှု နယ်ပယ်ပါ။ အဲဒါဟာ ခင်ဗျား အမှန်တကယ် သိရှိလိုတဲ့ အကြောင်းအရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှှုမှာ ကျွန်တော်တို့ရဲ့ လွှတ်တော်ဟာ လွှတ်တော် လုပ်ထုံးလုပ်နည်း ပညာပေးရေး၊ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပရေး စတာတွေမှာ အရမ်းတက်တက်ကြွကြွ ရှိပါတယ်။ အဲဒီအစီအစဉ်တွေကိုလည်း ဆက်လုပ်မှာပါ။ လွှတ်တော်ထဲမှာ ပြောင်းလဲသွားတယ်ဆိုရင် တောင် အဲဒီအစီအစဉ်တွေ ဆက်လုပ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယဟာ ဒီမိုကရေစီ အတွေ့အကြုံ နှစ်ပေါင်း ၆၀ ကျော်ရှိပြီး၊ ဘာသာတရားမျိုးစုံ၊ ဘာသာစကားမျိုးစုံနဲ့ ဗဟုဝါဒ ထွန်းကားတဲ့ လူ့ဘောင်အဖွဲ့အစည်း ဖြစ်တာမို့ ဒေသကြီးတစ်ခုလုံးကို မျှဝေစရာတွေ အများကြီး ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေ၊ အစိုးရနဲ့ လွှတ်တော်ဟာ သူတို့လိုချင်တဲ့ အကူအညီ ပုံစံမျိုးကို သူတို့ကိုယ်တိုင် ရှာဖွေရမှာပါ။

အစောပိုင်း မေးခွန်းတစ်ခုနဲ့ ပတ်သတ်တဲ့ စတုတ္ထနယ်ပယ်အကြောင်း ပြောရမယ်ဆိုရင် ကျွန်တော် တွေ့မြင်ချင်တဲ့ အိန္ဒိယရဲ့ ကြိုးပမ်းအားထုတ်မှှုကတော့ ရင်းနှီးမြှုပ်နှံမှှု နယ်ပယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ အဲဒီကဏ္ဍမှာ လစ်ဟာမှှုတစ်ခု ရှိခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံဟာ အထီးကျန်ဝါဒ ကျင့်သုံးခဲ့သလို မြန်မာနိုင်ငံအပေါ် ပြင်ပကလည်း ပိတ်ဆို့ ဒဏ်ခတ်မှှုတွေ ချမှတ်ခဲ့ပါတယ်။ အခုတော့ အဲဒါတွေ ပွင့်လင်းလာခဲ့ပြီ ဖြစ်တဲ့အပြင် အစိုးရသစ် လက်ထက်မှာ ပိုပြီး ပွင့်လင်းလာတာကို မြင်ရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နိုင်ပါတယ်။ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် နှစ်နိုင်ငံလုံးက စီးပွားရေး စွမ်းဆောင်ရှင်တွေကို မဟာဗျူဟာမြောက် စီးပွားဖက်ပုံစံမျိုး ဖော်ဆောင်စေချင်ပါတယ်။ အထူးသဖြင့် တော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ပထမဦးစားပေး မူဝါဒ အခြေအနေတွေ အောက်မှာပါ။

ခင်ဗျားဟာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက်ကတည်းက ဒီမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီကာလအတွင်းမှာ အမှတ်ရစရာ အကောင်းဆုံး ဖြစ်ရပ်တွေက ဘာတွေဖြစ်မလဲ။

ကျေးဇူးတင်ပါတယ်။ ဒါဟာ အရမ်းကောင်းတဲ့ မေးခွန်းပါ။ အဓိက အမှတ်ရစရာနှစ်ခု ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမတစ်ခုကတော့ ၂၀၁၅ ခုနှစ်ထဲမှာ ရေကြီးမှှုဖြစ်ရပ်အပေါ် နိုင်ငံသားတွေ တုံ့ပြန်ကြပုံက ထူးထူးခြားခြား အမှတ်ရစရာပါ။ တစ်ကမ္ဘာလုံး သိရှိသင့်တဲ့အရာ၊ တစ်ကမ္ဘာလုံး အဲဒီကနေ [လေ့လာပြီး] အကျိုးရှိနိုင်တဲ့ အရာပါ။ ရေဘေးဒဏ်ခံခဲ့ရသူတွေကို ကူညီဖို့ လူ့ဘောင်အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတိုင်းက ခြေလှမ်းလာကြတာကို ခင်ဗျား တွေ့မြင်ခဲ့ရမှာပါ။

ဒုတိယတစ်ခုကတော့ ၂၀၁၅ နိုဝင်ဘာတုန်းက ပြုလုပ်ခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ စည်းကမ်းနဲ့ ဂုဏ်ကျက်သရေရှိရှိ ရွေးကောက်ပွဲ ကျင်းပခဲ့တာဟာ တကယ့်ကို စပါယ်ရှယ်ပါပဲ။ ဒါပေမဲ့ တတိယတစ်ခု အကြောင်းကိုလည်း ကျွန်တော် မပြောဘဲ မနေနိုင်ပါဘူး။ မြန်မာနိုင်ငံ က နေရာဒေသတွေကို ကျွန်တော် ခရီးသွားခွင့် ရခဲ့ပါတယ်။ ကုန်းကြောင်းခရီးနဲ့လည်း သွားခဲ့ပြီး ရှှုခင်းရှှုကွက်တွေ၊ လူတွေ၊ ယဉ်ကျေးမှှုတွေကို တွေ့မြင် သိရှိခဲ့ရပါတယ်။ လူတွေရဲ့ ရိုးရှင်းမှှုနဲ့ ဂုဏ်ကျက်သရေဟာ ကျွန်တော့်အပေါ် အကြီးအကျယ် အကျိုးသက်ရောက်စေခဲ့တဲ့ အရာတစ်ခုလို့ ကျွန်တော် ထပ်ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly