စစ်ကောင်စီ၏လွတ်ငြိမ်းတွင် မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိ

စစ်ကောင်စီ၏လွတ်ငြိမ်းတွင် မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိ

မြိတ်၊ဧပြီလ(၁၇)

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့တွင် အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျအကျဉ်း သား ၁၅၇၇ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင်ပြုခဲ့သော်လည်း မြိတ်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅ အပါဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိကြောင်း သွားရောက်စောင့်ဆိုင်းခဲ့ သည့် မိသားစုဝင်များထံမှ သိရသည်။

လက်ရှိတွင် မြိတ်အကျဉ်ထောင်မှ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် လွတ်ငြိမ်းဖြင့်ပြန်လွှတ်ပေးခဲ့သူ များတွင် အမျိုးသမီးနှစ်ဦး အပါဝင် ၁၂ ဦးကိုသာ လွတ်ပေးခဲ့သည်ဟု မြိတ်အကျဉ်းထောင်ရှေ့သို့သွား ရောက်စောင့်ဆိုင်းနေသည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တစ်ဦးကပြောသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက “မနက်ကတော့ လွတ်ငြိမ်းရှိတယ်သိရလို့ ထောင်ဘူး၀မှာသွား စောင့်ခဲ့တယ်။ ပြန်လွတ်ပေးသူက နည်းနည်းလေးပဲရှိတော့ အကုန်လုံးပြန်လာကြတယ်”ဟု ပြောသည်။

မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာသူများထဲတွင် စစ်ပြေး ရှစ်ဦးနှင့် ဆေးမှု လေးဦး စုစုပေါင်း ၁၂ ဦး ဖြစ်ကြောင်း သွားရောက် စောင့်ဆိုင်းခဲ့သူများထံမှ သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

#Mizzima

#လွတ်ငြိမ်း

#အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly