င်္ဟသာတမြို့နယ်၊ စည်တော်ကုန်းကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

င်္ဟသာတမြို့နယ်၊ စည်တော်ကုန်းကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဧပြီ ၁၆

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ စည်တော်ကုန်းကျေးရွာအနီးရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်အား ဟင်္သာတမြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (HLPDF)က ဧပြီလ ၁၅ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း HLPDF တပ်ဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

“ တိုင်အောက်ခြေမှာရှိတဲ့ စက်တွေနဲ့ ဝါယာကြိုးတွေအကုန်လုံး သုံးမရအောင် ပျက်စီးသွားပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအားလုံး ဘေးကင်းပါတယ်။ စစ်ကောင်စီနဲ့ စစ်ကောင်စီကို အထောက်အပံ့ ပေးနေတဲ့အရာတွေကို ပြည်သူလူထုရှေ့ကရပ်တည်ပြီး စစ်အုပ်စုပြုတ်ကျတဲ့အထိတိုက် ခိုက်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်များနှင့်ရဲများက စည်တော်ကုန်းကျေးရွာအနီးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုသိရပြီး မတရားစွပ်စွဲ ဖမ်းဆီးမှုများရှိလာနိုင်သဖြင့် ဒေသခံများ သတိထားနေထိုင်သင့် ကြောင်း HLPDF တပ်ဖွဲ့ဝင်က ပြောကြားသည်။

#Mizzima

#ဟင်္သာတ

#Mytel

#မိုင်းခွဲဖျက်ဆီး

#HLPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required