ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၃ ဦးသေဆုံး

ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၃ ဦးသေဆုံး
ပုံစာ- မတ်လ၁၅ရက်နေ့က ပေါင်းတည်မြို့နယ် သိမ်းကုန်းကျေးရွာအုပ်စု လဲပင် ကျေးရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်ကို မြင်တွေ့ရစဉ်

ဧပြီ ၁၆

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်းကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ၁၅ရက်နေ့ နေ့လယ်၂နာရီ၅၀မိနစ်တွင် ပြည်ခရိုင် တပ်ရင်း (၃၆၀၁) တပ်ခွဲ(၂) ၊ တပ်စု(၅) နှင့်တပ်ရင်း(၃၆၀၂) ဘိုးတော်တပ်ခွဲတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လဲပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင် အင်အား၁၆ဦးခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်းသိရသည်။

“ မနေ့က ညအထိ အခြေနေတွေမတည်ငြိမ်သေးတာကြောင့် အခုမှ သတင်းထုတ်ပြန်တာပါ။ အခုလည်း စစ်ကောင်စီတပ်တွေ ထပ်တက်လာပါတယ်”ဟု Bago Region PDFအဖွဲ့ ပြန်ကြား တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မိနစ်၂၀ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီမှ ၂၄ဦးပါ စစ်ကူအဖွဲ့ရောက်ရှိလာပြီး ည၉နာရီ၃၀ မိနစ်တွင် စစ်ကောင်စီ တပ်များက လဲပင်ကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သည်။ ပြီးခဲ့သည့် မတ်လ၁၅ရက်နေ့ကလည်း လဲပင်ကျေးရွာကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်။

#Mizzima

#ပေါင်းတည်မြို့နယ်

#လဲပင်ကျေးရွာ

#စစ်ကောင်စီတပ်

#တိုက်ခိုက်ခံရ

#စစ်ကောင်စီတပ်သုံးဦးသေဆုံး

#BagoRegionPDFအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly