တရုတ်၏ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုများကို တိုက်ဖျက်ရန် ဥရောပသမဂ္ဂ ဆုံးဖြတ်ချက် ချမှတ်

တရုတ်၏ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုများကို တိုက်ဖျက်ရန် ဥရောပသမဂ္ဂ ဆုံးဖြတ်ချက် ချမှတ်

ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံများ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် နိုင်ငံနှင့် နိုင်ငံတော်မဟုတ်သော နိုင်ငံခြားအဖွဲ့အစည်းများမှ မဟုတ်မမှန် သတင်းအမှားများမှတစ်ဆင့် ဝင်ရောက်စွက်ဖက်ခြင်းပြဿနာကို တိုက်ဖျက်ရန် ဥရောပပါလီမန် (EP) သည် 'သတင်းမှားများအပါအဝင် နိုင်ငံခြား ဝင်ရောက်စွက်ဖက်ခြင်း' ကို တိုက်ဖျက်ရန် ဆုံးဖြတ်ချက်ကို မကြာသေးမီက ချမှတ်လိုက်သည်။

ဥရောပပါလီမန် (EP) သည် မီဒီယာများကို အလွဲသုံးစားလုပ်ခြင်း၊ သတင်းသမားများကို မွေးခြင်းနှင့် အထက်တန်း စားများနှင့် စည်းရုံးခြင်း အပါအဝင် စပ်ယှက်ဝင်ရောက်စွက်ဖက်သည့် နည်းပရိယာယ်များကို အသုံးပြုသည့် တရုတ်၊ ရုရှား၊ တူရကီတို့အပြင် ရန်လိုပြီး အာဏာရှင်ဆန်သော နိုင်ငံနှင့် နိုင်ငံတော်မဟုတ်သော နိုင်ငံခြား အဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို အလေးပေးဖော်ပြခဲ့သည့်အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားများကို လှည့်ဖြားလှည့်စားရန်နှင့် သတင်းအချက်အလက်များကို ခြယ်လှယ်ရေး အတွက် ပညာရေးအဖွဲ့အစည်းများကို စိမ့်ဝင်ထိုးဖောက်နေကြောင်း လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။

ထိုကဲ့သို့ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုများသည် ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲများ၏ ရလဒ်များကို လွှမ်းမိုးရန် ရည်ရွယ်ထားကြောင်း EP က ကောက်ချက်ချခဲ့သည်။

ပညာရေးဆိုင်ရာအဖွဲ့အစည်းများအပြင် တရုတ်သည် လူထုအမြင်ကိုလွှမ်းမိုးရန် ကွန်ဖြူးရှပ်အင်စတီကျူ ကဲ့သို့သောအဖွဲ့အစည်းများကို ထူထောင်ခဲ့သည်။

နိုင်ငံခြားသြဇာလွှမ်းမိုးမှုများသည် နိုင်ငံသားများ၏ မဲပေးခြင်းအမူအကျင့်အပေါ် သက်ရောက်မှုရှိစေကာ သဘောထားကွဲလွဲသော အခြေအတင်အငြင်းအခုံများကို ပုံကြီးချဲ့ရန်၊ လူ့အဖွဲ့အစည်းများ၏ အားနည်းချက် များကို ခွဲခြား အသုံးချကာ အမုန်းပွားစေမည့် အမုန်းစကားများကို မြှင့်တင်ခြင်းတို့ လုပ်ဆောင်နေခြင်း စသည်တို့ကို သတိပြုမိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

တရုတ်၏ စီးပွားရေးအကျိုးစီးပွားနှင့် ထောက်လှမ်းရေးအတွက် စည်းရုံရေးအဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ဆောင် နေသည့် ကွန်ဖြူးရှပ်အင်စတီကျုသည် သူလျှိုလုပ်နေသည်ဟု စွပ်စွဲခံထားရသဖြင့် သင်ကြားရေး၊ သုတေသနနှင့် အခြားလုပ်ဆောင်မှုများကို အနီးကပ်စောင့်ကြည့်ရန် ဥရောပပါလီမန် (EP) က အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားကြောင်း အစီရင်ခံစာက ဆိုသည်။

အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှ တစ်ဆင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ အဓိကနည်းပညာများကို ပစ်မှတ်ထားမည့် တရုတ်မဟာဗျူဟာကိုလည်း အလေးပေးဖော်ပြထားသည်ဟု အစီရင်ခံစာကဆိုသည်။

မီဒီယာအတွက် အနိမ့်ဆုံးစံနှုန်းများကို စတင်လေ့လာပြီး မီဒီယာလွတ်လပ်ခွင့်ဥပဒေကဲ့သို့သော ဥပဒေများကို ပြဌာန်းထားကာ ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာမီဒီယာအဖွဲ့အစည်း၏ လိုင်စင်များကို ပြန်လည် ရုပ်သိမ်းမည့် စာပုဒ်ထည့်သွင်းရန်လည်း ကော်မရှင်က အဆိုပြုခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly