လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲဖြစ်ပွါး စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်၍ ဆုတ်ခွါ

လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲဖြစ်ပွါး စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်၍ ဆုတ်ခွါ

ဧပြီ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်အနီး KNU တပ်မဟာ (၆ ) ထိန်းချုပ်နယ်မြေ တောင်ကုန်းများကို စစ်ကောင်စီတပ်က ဧပြီလ ၁၄ရက် ည ၁၀နာရီမိနစ် ၅၀က ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရကာ တပ်လှန်ထွက်ပြေးခဲ့ရကြောင်း မြေပြင်သတင်းအရင်းမြစ်များထံက သိရသည်။

“လေးကေ့ကော်မြို့သစ်အနီးက ကျနော်တို့(cobra စစ်ကြောင်း)တာဝန်ယူထားတဲ့တောင်ကုန်းတွေပေါ်ကို စစ်ကောင်စီဘက်က ကောင်တွေက ဝင်လာတာဗျ ။ သူတို့ဘက်က လက်နက်ကြီး အမြောက်အမြားသုံးပါတယ် ။ ပုံမှန်တိုက်ပွဲတွေထက် ပိုဆိုးပါတယ် ။ ၆၀ မမ၊ ၈၁ မမ ၊၁၂၀ မမတွေကို သူတို့ဘက်က တရစပ်ပစ်ပါတယ်။လက်နက်ကြီးမိုးရွာသလို ပစ်ပြီးလို့ သူတို့ကျားထိုးတတ်ဖို့ကြိုးစားပါတယ်။ ကျနော်တို့ဘက် အထိအခိုက်အကျအဆုံးမရှိပါဘူး။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲစဖြစ်ဖြစ်ချင်းပါပဲ သူတို့ဘက်ကနေ လဲကျသွားတာတွေ တော်တော်များများထိခိုက်သွားတာတွေ ကျနော်တို့မြင်ရတယ်။ဒါပေမဲ့ ညဘက်ဖြစ်တာကြောင့် ဘယ်နှစ်ဦး ကျတာတွေ ထိခိုက်တာတွေကို တိတိကျကျပြောဖို့ ခဲယဉ်းပါတယ်ဗျ” ဟု KNLAပူးပေါင်းတပ်(cobra စစ်ကြောင်း)မှ ပြောခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောသည်။

အဆိုပါတိုက်ပွဲသည် အချိန် လေးနာရီကျော်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူအများအပြားအသုံးပြုခဲ့သော်လည် ယခုတိုက်ပွဲတွင် စစ်လေယာဉ်များအသုံးပြုခဲ့ခြင်း မရှိခဲ့ပေ။

KNLAပူးပေါင်းတပ်မှ RPGကျည်ဆန်တစ်ခု၊ ၅.၅၆ ကျည်မျိုးစုံ၊ ဖုန်းနှစ်လုံးနှင့် စစ်ဝတ်စုံများသိမ်းဆည်းရရှိခဲ့ကြောင်း Cobraစစ်ကြောင်းက ထုတ်ပြန်ထားသည်။

#ကရင်ပြည်နယ်

#မြဝတီခရိုင်

#လေးကေ့ကော်မြို့သစ်

#တိုက်ပွဲဖြစ်ပွါး

#စစ်ကောင်စီတပ်ဖွဲ့ဆုတ်ခွါ

#KNLA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly