အင်ဒို-ပစိဖိတ်ဒေသတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဟု ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်

By NDTV
14 April 2022
အင်ဒို-ပစိဖိတ်ဒေသတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဟု ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်

လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်စေတွင် တူညီသော တန်ဖိုးများနှင့် အမြင်များ ရှိနေသောကြောင့် အမေရိကန်နှင့် အိန္ဒိယတို့အကြား ကာကွယ်ရေးဆိုင်ရာ မိတ်ဘက်ပူးပေါင်းမှုကို အခိုင်အမာ ဆက်လက်ဆောင်ရွက်သွားမည်ဟု အမေရိကန် ပင်တဂွန်ဌာနချုပ်က ဧပြီ ၇ ရက်တွင် ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး အယ်လွိုက်အော်စတင်တို့က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ကာကွယ်ရေးဝန်ကြီး ရာဂျနသ်ဆင်းတို့အား ဧပြီ ၁၁ ရက်က ဝန်ကြီး ၄ ဦးတွေ့ဆုံသည့် 2+2 Dialogue ဆွေးနွေးပွဲမတိုင်မီ ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား 2+2 Dialogue ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ပြီး ၂၁ ရာစုနှစ် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရေးအတွက် အဆင့်မြင့် ပြည့်စုံသော ကာကွယ်ရေး မိတ်ဘက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

ယခုနှစ် တွေ့ဆုံပွဲတွင် ကာကွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတု၊ ပြည်သူ့ ကျန်းမာ ရေးနှင့် နှစ်နိုင်ငံပြည်သူများ ဆက်ဆံရေးအပါအဝင် ကဏ္ဍအများအပြား ပါဝင်ခဲ့သည်။

ထို့ပြင် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်ကို ပြုလုပ်ခဲ့သလို နိုင်ငံတကာ ငြိမ်းချမ်း လုံခြုံရေးအတွက် အမေရိကန်-အိန္ဒိယတို့အကြား ပြည့်စုံ၍ ကမ္ဘာ့အဆင့် မဟာဗျူဟာ

မိတ်ဘက်ဆက်ဆံရေး အရေးပါမှုကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းအတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly