ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ၍ စစ်သား ၈ ဦးသေဆုံး

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ၍ စစ်သား ၈ ဦးသေဆုံး

ဧပြီ ၁၃

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ မာ‌ခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း အလစ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံးခဲ့ကြောင်း ဧပြီ ၁၃ ရက်နေ့တွင်  KNDF B 15 ကသတင်းထုတ်ပြန်သည်။

KNDF B 15 သည် တံတားပြုပြင်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ လေ့ကျင့်ရေးအမှတ် (၁၄)တပ်အား ဧပြီ ၁၂ ရက် ညနေ ၄ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အိမ်စီးကားသေးတစ်စီး၊ ဘက်ဖိုးသယ်လာ‌သော ဆယ်ဘီးဒါဘာကားကြီးတစ်စီးနှင့်အတူ ဘက်ဖိုးကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး MA2 တစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်း ရမိခဲ့ကြောင်းဆိုသည်။ KNDF တပ်ရင်း (၁၅) မှ ရဲဘော်များ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းမရှိသော်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ  ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၁ ရက်နေ့ကလည်း ယခုတိုက်ခိုက်ခံရသည့်စစ်ကြောင်းကို ဒေါပိုရှေ့ကျေးရွာအနီးတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

#Mizzima
#ကရင်နီပြည်နယ်
#ဖရူဆိုမြို့နယ်
#KNDF B 15
#စစ်ကောင်စီတပ်သား
#ရှစ်ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly