မန္တလေး သံဃသမဂ္ဂရဟန်းတော်များ၏ သင်္ကြန်မကျဆွမ်းခံကြွ သပိတ်

မန္တလေး သံဃသမဂ္ဂရဟန်းတော်များ၏ သင်္ကြန်မကျဆွမ်းခံကြွ သပိတ်

ဧပြီ ၁၃

စစ်ကောင်စီ၏သင်္ကြန်ပွဲ၌ မပါဝင်မဆင်နွှဲကြရန် မန္တလေးသံဃသမဂ္ဂရဟန်းတော်များက ယနေ့ အရုဏ် တက်ချိန်တွင် သင်္ကြန်မကျဆွမ်းခံကြွသပိတ်ဖြင့် လှုပ်ရှားတိုက်တွန်းခဲ့သည်။

နိုင်ငံရေးအမြတ်ထုတ်ရန်ရည်ရွယ်ချက်ဖြင့် အာဏာသိမ်းစစ်ကောင်စီကစီစဉ်သည့် ယခုနှစ်သင်္ကြန်ပွဲကို ပြည်သူလူထုက မပါဝင်မပူးပေါင်းခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှ လွတ်မြောက်နိုင် မည်ဖြစ်ကြောင်းရည်ရွယ်ချက်ဖြင့် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အာဏာရူးတွေဟာ သင်္ကြန်ပွဲတော်ကိုအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတာ တွေ့ရပါ တယ်။ ပြည်သူတွေအနေနဲ့ အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံထားရတဲ့ သူရဲကောင်းတွေ၊ တောထဲမှာ အိမ်နဲ့ဝေးနေကြတဲ့ PDF သူရဲကောင်းတွေ၊ နိုင်ငံအနှံ့အပြားက စစ်ဘေးရှောင်ပြည်သူတွေ၊ အသက်ပေးသွားကြတဲ့အာဇာနည်တွေကို စာနာထောက်ထားသောအားဖြင့် အာဏာရူးတွေရဲ့သင်္ကြန်ကို သပိတ်မှောက်ကြဖို့ တိုက်တွန်းလိုတာပဲဖြစ်တယ်” ဟု မန္တလေးသံဃသမဂ္ဂမှ ရဟန်းတော်တစ်ပါးကမိန့် သည်။

မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း နိုင်ငံတကာကိုပြသရန်စီစဉ်သည့် အာဏာသိမ်း စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်ပွဲတွင် ပြည်သူလူထုကမပါဝင်ကြရန် တော်လှန်ရေးအင်အားစုများ က ယခုလအစောပိုင်းကတည်းက တိုက်တွန်းနှိုးဆော်ခဲ့သည်။

ယခုနှစ်သင်္ကြန်ပွဲကို တော်လှန်သင်္ကြန်ဟုသတ်မှတ်ပြီး တော်လှန်သင်္ကြန်၏လူထုလှုပ်ရှားမှုအနေနှင့် လည်း သင်္ကြန်အကြိုနေ့နှင့်အကျနေ့တို့တွင် တော်လှန်ရေးအင်အားစုများအတွက် ကုသိုလ်ကောင်းမှုပြု လှူဒါန်းထောက်ပံ့ခြင်းနှင့် အတာအိုးသပိတ်ဆင်နွှဲကြရန်၊ အကြတ်နေ့နှင့်အတက်နေ့တို့တွင် CDM သူရဲ ကောင်းများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် ငွေအားစေတနာအားဖြင့် ဂုဏ်ပြုထောက်ပံ့ခြင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် သံပုံးတီးသပိတ်၊ ဆုတောင်းသပိတ်၊ ပန်းသပိတ် စသဖြင့်ပြုလုပ်ကြရန် နှိုးဆော် ထားသည်။

#Mizzima

#မန္တလေးသံဃသမဂ္ဂ

#သင်္ကြန်မကျဆွမ်းခံကြွ

#တော်လှန်သင်္ကြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly