တိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF (BO-1)မှ ရဲဘော် ရစ်ချတ်ထွန်း၏ စျာပနအခမ်းအနားကျင်းပ

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF (BO-1)မှ ရဲဘော် ရစ်ချတ်ထွန်း၏ စျာပနအခမ်းအနားကျင်းပ

ဧပြီလ ၁၂ ရက်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် နောင်ပလဲကျေးရွာအုပ်စုတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-Bo-1 ၊ Bo-2 နှင့် KA ပူးပေါင်းတပ်တို့ ယမန့်နေ့ ဧပြီလ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF BO-1 မှ ရဲဘော်ရစ်ချတ်ထွန်း ကျဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်းကျဆုံးခဲ့ရသည့် ရဲဘော်ရစ်ချတ်ထွန်း၏ ရုပ်အလောင်းကို ယနေ့ ဧပြီ လ ၁၂ ရက်နေ့တွင် မြေမြုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ရဲဘော်ရစ်ချတ်ထွန်းသည် ယခင်က KNDF Bo-10 တွင် တာဝန်ထမ်းဆောင်ခဲ့ကာ KNDF Bo-1 ခွဲ(၃)သို့ ပြောင်းရွှေ့ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့က နောင်ပလဲကျေးရွာအုပ်စုတိုက်ပွဲအတွင်း ကျဆုံးခဲ့ရမှုကြောင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း KNDF Bo-10 မှထုတ်ပြန်ထားသည်။

ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဲဘော်ရစ်ချတ်ထွန်းကို အာဇာနည်သူရဲကောင်း အဖြစ်သတ်မှတ် အလေးနီပြုပါကြောင်း KNDF Bo-10 မှလည်း ထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ ၁၂ နေ့တွင်လည်း ဒီးမောဆိုမြို့နယ်၊ အူးရီးခူနှင့်နောင်ပလဲကျေးရွာအတွင်း၌ စစ်ကောင်စီ တပ်နှင့်ကရင်နီပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်ကတိုက်လေယာဥ် ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required