နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဧပြီ ၁၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာအနီးတွင် နွားထိုးကြီး PDF က စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို ယနေ့ ဧပြီလ ၁၂ ရက် နံနက် ၈ နာရီခန့်က နွားထိုးကြီးမြို့နယ် ရွာကြီးကျေးရွာ အနီး မြင်းခြံ- နွားထိုးကြီး လမ်းမပေါ်တွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု Natogyi PDF တစ်ဦးထံမှ သိရသည်။

“စစ်ကားက မြင်းခြံကနေ နွားထိုးကြီးဘက်ကို သွားတာ၊ မိုင်းခွဲတာ ထိတယ်၊ အခုတော့ ကားက မောင်းမရ လို့ဆွဲသွားတယ်။ ခွေးတွေက ထော်လာဂျီနဲ့ မြို့ပေါ်ပြန်တက်သွားတယ်။ အခုတော့ နာရေးကား ထွက်သွား ပြီ။ ဘယ်နှကောင်ဖြစ်မလည်းတော့ အတည်မပြုနိုင်သေးဘူး။ အနည်းဆုံး နှစ်ယောက်နဲ့အထက်တော့ ဖြစ်မယ်” ဟု Natogyi People Defense Force မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်က နွားထိုးကြီးမြို့နယ် ပဲချက်ကျေးရွာအနီး၌ စစ်ကောင်စီကားတစ်စီးကို နွားထိုးကြီး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးကျဆုံးကြောင်း Natogyi People Defence Force လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

#Mizzima

#NatogyiPeopleDefenceForce

#နွားထိုးကြီးမြို့နယ်

#မိုင်းဆွဲတိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly