အိန္ဒိယနှင့် အမေရိကန်တို့၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံမည်

အိန္ဒိယနှင့် အမေရိကန်တို့၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံမည်

အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြား‌ရေးဝန်ကြီးများသည် ဧပြီ ၁၁ ရက်တွင် ဝါရှင်တန်မြို့၌ တွေ့ဆုံရန် စီစဉ်ထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ကာကွယ်ရေးဝန်ကြီး ရာဂျာနက်ဆင်းတို့သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်အော်စတင်တို့အား တွေ့ဆုံမှုအပြင် အခြားအစည်းအဝေးများကိုလည်း ပြုလုပ်ရန် စီစဉ်ထားသည်။

နှစ်နိုင်ငံအကြား 2+2 Ministerial Dialogue နောက်ဆုံး အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက နယူးဒလီမြို့တွင် ကျင်းပခဲ့သည်။

အိန္ဒိယနှင့် အမေရိကန်တို့အကြား ကဏ္ဍအလိုက် ဆွေးနွေးပွဲကို ဝါရှင်တန်မြို့တွင် ယမန်နှစ် စက်တင်ဘာလက ကျင်းပခဲ့ရာတွင် တောင်အာရှ၊ အင်ဒို-ပစိဖိတ်ဒေသနှင့် အနောက်အိန္ဒိယ သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ကာကွယ်ရေး၊ ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနှင့် နည်းပညာ၊ သန့်ရှင်းသော စွမ်းအင်နှင့် ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့ရေးနှင့် ပြည်သူများအကြား ဆက်ဆံရေးအပါအဝင် အိန္ဒိယ-အမေရိကန် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးအရ နှစ်နိုင်ငံ ဆောင်ရွက်ချက်များတွင် တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုများကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly