Newport Wafer Fab ကုမ္ပဏီအား တရုတ်လွှဲပြောင်းယူမှုအပေါ် စစ်ဆေးရန် ပျက်ကွက်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း စွပ်စွဲခံရ 

Newport Wafer Fab ကုမ္ပဏီအား တရုတ်လွှဲပြောင်းယူမှုအပေါ် စစ်ဆေးရန် ပျက်ကွက်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း စွပ်စွဲခံရ 

ဧပြီ ၉

ဗြိတိန်၏ အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီအား တရုတ်၏ စမတ်ဖုန်းတပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီကြီး Wingtech မှ အငြင်းပွားဖွယ် လွှဲပြောင်းယူမှုအပေါ်  ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ကတိပြုထားသည့် လုံခြုံရေးစုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

 ဝေးလ်ပြည်နယ်ရှိ Newport Wafer Fab ကုမ္ပဏီအား Wingtech နယ်သာလန်ရုံးခွဲ Nexperia သို့ ရောင်းချရန် ဗြိတိန်အစိုးရက တိတ်တဆိတ် အတည်ပြုခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းများထွက်ပေါ်လာသည်။ ကျဲ့ကျန်းတွင် အခြေစိုက်သည့် Wingtech သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပတ်သက်သည်ဟုလည်း ယူဆရသည်။
 ဗြိတိန်စီးပွားရေးဝန်ကြီး ကွာစီကွာတန်နှင့် Nexperia ကုမ္ပဏီတို့က အဆိုပါသဘောတူညီချက်အား အတည်ပြုခဲ့ကြောင်းကို နောက်ပိုင်းတွင် ငြင်းဆိုခဲ့ကြသည်။

 အမျိုးသားလုံခြုံရေးဥပဒေအသစ်အရ Newport Wafer Fab ရောင်းချမှုကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် စုံစမ်းရန် စီစဉ်ထားခြင်းရှိ၊ မရှိ မေးမြန်းရာတွင် ဗြိတိန်အစိုးရက ယင်းအမှုကို စဉ်းစားနေကြောင်းနှင့် ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောကြားခဲ့သည်။

သို့သော် ဧပြီ ၅ ရက်ထုတ်ပြန်သည့် ကြေညာချက်တွင် ဗြိတိန်ပါလီမန်၏ နိုင်ငံခြားရေးရာ ရွေးချယ်ရေး ကော်မတီ (FAC) က လုံခြုံရေးပြန်လည်သုံးသပ်မှု စတင်ခဲ့သည့် အထောက်အထား မရှိဟု ပြောသည်။

အမျိုးသားလုံခြုံရေးနှင့် ရင်းနှီးမြုပ်နှံမှုအက်ဥပဒေအရ ရန်လိုသည်ဟုယူဆရသော နိုင်ငံများနှင့် သက်ဆိုင်သည့်ကုမ္ပဏီများက လွှဲပြောင်းယူခြင်းများကို စုံစမ်းစစ်ဆေးရန် ပါလီမန်က လွန်ခဲ့သည့် သုံးလက အစိုးရအား လုပ်ပိုင်ခွင့်အာဏာအသစ်များ ပေးခဲ့သည်။

သဘောတူညီချက်ကို ကြေညာပြီးနောက် မကြာမီတွင် ဂျွန်ဆင်က ကုမ္ပဏီလွှဲပြောင်းမှုနှင့်ပတ်သက်၍ လုံခြုံရေးပြန်လည်သုံးသပ်မှုပြုလုပ်ရန် ကော်မတီအား ကတိပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required