စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်နှင့် TNLA တို့ ပစ်ခတ်မှုအတွင်း ပြည်သူ့စစ်ဘက်မှ ‌၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်နှင့် TNLA တို့ ပစ်ခတ်မှုအတွင်း ပြည်သူ့စစ်ဘက်မှ ‌၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ဧပြီ ၈

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်အန်ကျေးရွာအထက်တွင် ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင် က စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်ဘက်မှ သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။

အင်အား ၁၀ ဦးပါဝင်သည့် ပန်းဆေးပြည်သူ့စစ်အဖွဲ့က ကားတစ်စီးဖြင့်တက်လာစဥ် လုံခြုံရေးကင်း လှည့်နေသည့် TNLA တပ်ဖွဲ့က စစ်ဆေးရန်တားဆီးရာ ရပ်မပေးဘဲမောင်းပြေးခြင်းကြောင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြေပြင်တွင်လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့(ပန်းဆေးပြည်သူ့စစ်အဖွဲ့)က အရင် စပစ်တာပေါ့။ ပစ်တော့ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တာ။ သူတို့ဘက်က သုံးယောက်သေ တယ်။ ငါးယောက် ဒဏ်ရာရပြီးတော့ နှစ်ယောက်က ထွက်ပြေးသွားတယ်” ဟု ဆိုသည်။

ပစ်ခတ်မှုအတွင်း TNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပန်းဆေးပြည်သူ့စစ်အဖွဲ့၏ လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းဆည်းရမိကြောင်း ၎င်းကပြောသည်။

နမ့်ခမ်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံပြည်သူ့စစ်များအပြင် TNLA၊ ကချင် တပ် (KIA)၊ ရှမ်းတပ် (SSPP)တို့လည်း သွားလာလှုပ်ရှားသည့်ဒေသဖြစ်သည်။

Photo-TNLA

#Mizzima

#TNLA

#ပန်းဆေးပြည်သူ့စစ်အဖွဲ့

#နမ့်ခမ်းမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required