ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ UWSA နဲ့ RCSS တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ UWSA နဲ့ RCSS တိုက်ပွဲဖြစ်

ဧပြီ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတော့မိုင်းထား ဒေသတွင် ယမန်နေ့ ဧပြီလ 5ရက်နေ့ မနက် 11 နာရီဝန်းကျင်ခန့်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ဝသွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့တိုက်ပွဲများဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

RCSS တပ်ဖွဲ့၏သတင်းပြန်ကြားရေးစာမျက်နှာဖြစ်သော Tai fredoom ၏ဖော်ပြချက်များအရ ဝတပ်ဖွဲ့ 171 ဒေသမှ RCSS အားထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နေ့ခင်း 2နာရီဝန်းကျင်အထိတိုက်ပွဲများဖြစ်ပွါးခဲ့သည်ဟုထုတ်ပြန်ထားသည်။

အနီးပတ်ဝန်းကျင်ဒေသခံတစ်ဦးကမူ "အဲ့နားကထိုင်းနယ်စပ် ပိန်းလုံနဲ့နီးတယ်၊အခုတော့တိုက်ပွဲတွေငြိမ်ပါပြီ၊ဝကစပစ်တယ်လို့ကြားတယ်၊ထိတာခိုက်တာတွေတော့ရှိမယ်ထင်တယ် "ဟုပြောပါသည်။

RCSS နှင့် UWSA တပ်ဖွဲ့တို့သည် ဇန်နဝါရီလ ကတည်းစစ်ရေးတင်းမာနေကျခြင်းဖြစ်သည်။

RCSS ဘက်မှ အထိအခိုက်အကျအဆုံးမသိရသေးဟုဆိုထားသော်လည်း UWSA တပ်ဖွဲ့၏မဟာမိတ်ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏သတင်းပြန်ကြားရေးစာမျက်နှာမှ RCSSတပ်သား 5ဦးကျဆုံးကာ ဝတပ်ဖွဲ့မှတစ်ဦးကျဆုံးခဲ့သည်ဟုရေးသားထားသည်ကိုတွေ့ရသည်။

မိုင်းတော့မိုင်းထားဒေသသည် RCSS မှ 2012 ခုနစ် ငြိမ်းချမ်းရေးစဆွေးနွေးစဥ်ကာလတွင် ၎င်းတို့၏ဌာနချုပ်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီတပ်မှ အဆိုပါနယ်မြေမှဆုတ်ခွါပေးခဲ့ခြင်းမရှိရာ စကစ ၊UWSA နှင့် RCSS တို့သုံးပွင့်ဆိုင်လှုပ်ရှားရာဒေသဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required