အိန္ဒိယဓာတ်ခွဲခန်းသုံးပစ္စည်းများ တင်သွင်းသူများက နီပေါကို အလားအလာကောင်းသော ဈေးကွက်အဖြစ် ရှုမြင်

အိန္ဒိယဓာတ်ခွဲခန်းသုံးပစ္စည်းများ တင်သွင်းသူများက နီပေါကို အလားအလာကောင်းသော ဈေးကွက်အဖြစ် ရှုမြင်

နီပေါနိုင်ငံ ခေတ္တမန္ဒူမြို့တွင် မတ်လ ၂၄ရက်က စတင်ခဲ့သော နီပေါဓာတ်ခွဲခန်း ကုန်စည်ပြပွဲတွင် ပါဝင်ခဲ့သည့် အိန္ဒိယဓာတ်ခွဲခန်းသုံးပစ္စည်းများထုတ်လုပ်သူများက နီပေါသည် အလားအလာကောင်းသော ဈေးကွက်အဖြစ် မှတ်ချက်ပြုခဲ့ကြသည်။

နီပေါကျန်းမာရေးဝန်ကြီး အိတ်ဒေးရက်ချ်နှင့် နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မိုဟန် ကွာထရာတို့က ၃ ရက်ကြာကျင်းပမည့် နီပေါဓာတ်ခွဲခန်းပြပွဲကို ဖွင့်လှစ်ခဲ့သည်။

Nepal Lab Expo သည် နီပေါတွင် ဓာတ်ခွဲခန်း၊ သိပ္ပံနည်းကျမှု၊ ခွဲခြမ်းစိတ်ဖြာမှု၊ သုတေသနနှင့် ဇီဝနည်း ပညာကဏ္ဍများမှ ကုမ္ပဏီများ၏ ပြပွဲတစ်ခုဖြစ်သည်။

ထုတ်လုပ်ရေးကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် တီဝါရီက " နီပေါမှာ ပစ္စည်းထုတ်လုပ်သူ အများစု မရှိတဲ့အတွက် အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်တွေ ပံ့ပိုးပေးနိုင်ရေးအမှန်တကယ် လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဒီပြပွဲကို လာရောက်သူတွေကလဲ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို စိတ်ဝင်စားပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆေးဝါး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးထိန်းသိမ်းရေး၊ အစား အသောက်ထုတ်လုပ်ရေး၊ ပညာရေး၊ ရောဂါရှာဖွေရေးနှင့် ဓာတုဗေဒဆိုင်ရာကဏ္ဍများကို စိတ်ဝင်စားသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

၂၀၁၉ခုနှစ်က ၄ ကြိမ်မြောက်ဖြစ်သည့် ပြပွဲကို ၃ ရက်ကြာကျင်းပခဲ့ရာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြခန်း ၂၇၈ ခန်းပြသခဲ့ပြီး လာရောက်သူဦးရေ ၆၅၀ဝ ကျော်ရှိခဲ့သည်။

"နီပေါနဲ့ အိန္ဒိကြားက ကုန်သွယ်ရေး ဆက်ဆံရေးက ခေတ်အဆက်ဆက် ကာလကြာရှည်နေပါပြီ။ နီပေါကို ကုန်ပစ္စည်းတွေ ထောက်ပံ့လာခဲ့ပါတယ်။ ကိုဗစ်ပေါ်ကပ်ရောဂါ ဖြစ်လာခဲ့တဲ့အတွက် ဆေးရုံအရေအတွက်လည်း တိုးလာ ပါတယ်။ ဖြည့်ဆည်းပေးဖို့ လိုအပ်တာတွေ အများကြီးရှိပါတယ်"ဟု ပြခန်းဖွင့်သူ အန်ကာက ပြောကြားခဲ့သည်။

ယင်းပြပွဲက နိုင်ငံတကာ ကုမ္ပဏီအမျိုးမျိုးကို ပြသခွင့်ပေးခဲ့သည်။ ပြပွဲတွင် ကုမ္ပဏီပေါင်း ၂၀ဝ ကျော်က ပြသခဲ့သည်အနက် အိန္ဒိယကုမ္ပဏီများက အများစုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly