“အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ”  ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း

“အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ”  ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း
Photo : CJ

ဧပြီလ ၄ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၄၂၁ ရက်မြောက် အဖြစ်  ယနေ့ ဧပြီလ ၄ ရက်တွင် ချီတက် ဆန္ဒပြသည်။

 

လုံခြုံရေး တင်းကျပ်ပြီး မြို့အနှံ့ စစ်ဆေးမှုများ ကြားမှ “အပျော်သင်္ကြန် ဒို့ငြင်းဆန် ၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဆိုသည့် စာတန်းကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ကြသည်။

 

ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required