ဝါရှင်တန်ဒီစီတွင်ကျင်းပမည့် အမျိုးသားညီညွတ်ရေးအစိုးရ ၁ နှစ်ပြည့်အထိမ်းအမှတ်တွင် NUG အစိုးရဝန်ကြီး ၂ ဦး တက်ရောက်မည်ဟုဆို

ဝါရှင်တန်ဒီစီတွင်ကျင်းပမည့် အမျိုးသားညီညွတ်ရေးအစိုးရ ၁ နှစ်ပြည့်အထိမ်းအမှတ်တွင် NUG အစိုးရဝန်ကြီး ၂ ဦး တက်ရောက်မည်ဟုဆို

ဧပြီ ၄

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အမေရိကန်ရောက် မြန်မာ တိုင်ရင်းသားများမှ ဧပြီလ ၁၆ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌စုရုံးပြီး ချီတက်ပွဲပြုလုပ်ရန်စီစဉ်နေကြောင်း ပွဲဦးဆောင်ပြုလုပ်မည့် Save Myanmar USA Campaign အဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက် ၇၅ ရက် မြောက် နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တစ်နှစ်ပြည့်အထိမ်းအမှတ်တွင် အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးများဖြစ်သော သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီး ဦးထင်လင်း အောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ ပါဝင်တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

''NUG တစ်နှစ်ပြည့်နေ့မှာ NUG ဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဦးထင်လင်းအောင်နဲ့ ဦးအောင်မျိုးမင်းရယ်၊ အမေရိကန် ရောက် တိုင်းရင်းသားခေါင်းဆောင်တွေ မိန့်ခွန်းတွေပြောကြမယ်။ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ကတော့ တက်ရောက်ဖို့မသေချာသေးဘူး။ ပြီးတော့ US နေရာအနှံ့မှာနေထိုင်ကြတဲ့ မြန်မာပြည်သူတွေ Capitol ရှေ့မှာ NUG ကို ထောက်ခံအားပေးဖို့၊ အသိအမှတ်ပြုဖို့ဆန္ဒဖော်ထုတ်ပွဲလုပ်ကြမယ်။ တော်လှန်ရေးသီချင်းတွေ ဆိုကြမယ်'' ဟု ပွဲစီစဉ်သူ ဦးဒွန်ခုပ်က မဇ္ဈိမသို့ ပြောကြားသည်။

အဆိုပါ အမျိုးသားညီညွတ်ရေးအစိုးရတစ်နှစ်ပြည့် မြန်မာတိုင်းရင်းသားပေါင်းစုံ ချီတက်ပွဲအတွက် White House (Lafayette Square)၊ Marching ၊ Capitol Hill တို့တွင် ဧပြီလ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် စတင် စုရုံး မည်ဖြစ်ကြောင်း သိရသည်။

#Mizziam

#NUG

#အမျိုးသားညီညွတ်ရေးအစိုးရ

#မြန်မာတိုင်းရင်းသားပေါင်းစုံချီတက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly