လောင်းလုံးမြို့နယ်တွင် လုပ်ငန်းရှင်နှင့် စစ်ကောင်စီ ပူးပေါင်းပြီး လယ်ယာမြေပေါ်မြေဖို့နေ၍ ဗုံးခွဲ သတိပေး

လောင်းလုံးမြို့နယ်တွင် လုပ်ငန်းရှင်နှင့် စစ်ကောင်စီ ပူးပေါင်းပြီး လယ်ယာမြေပေါ်မြေဖို့နေ၍ ဗုံးခွဲ သတိပေး

ဧပြီလ ၂ ရက်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာ၌ လုပ်ငန်းရှင် များ ပိုင်ဆိုင်သည့် လယ်ယာမြေပေါ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး မတရား မြေဖို့ နေသည့် အတွက် ဧပြီလ ၁ ရက်နေ့ ည ၁၀ နရီခန့်တွင် ဗုံးခွဲ မီးရှို့ သတိပေးခဲ့ကြောင်း သိရသည်။

"ကဒက်ကြီးကျေးရွာ အနီးမှာရှိတဲ့ ခရိုနီပိုင် လယ်ယာမြေပေါ်မှာ စစ်ကောင်စီနဲ့ ပေါင်းပြီး မြေတွေ မတရား ဖို့နေတဲ့ အတွက် သတိပေးခဲ့တာ ဖြစ်တယ်" ဟု Lpdf (wolf squad) အဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြော သည်။

မတရား ပြုလုပ်နေသည့် အခွင့်ထူးခံ လူတန်းစားများကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းခြင်း မပြုရန် ဖောက်ခွဲ သတိပေးခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required