"​တော်လှန်သင်္ကြန်ဆင်နွှဲကြ၊ ဖက်ဆစ်​သွေးနဲ့​​ခြေ​ဆေးကြ"ဟူသည့်စာသားကိုင်​ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်​ရေးပြုလုပ်

"​တော်လှန်သင်္ကြန်ဆင်နွှဲကြ၊ ဖက်ဆစ်​သွေးနဲ့​​ခြေ​ဆေးကြ"ဟူသည့်စာသားကိုင်​ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်​ရေးပြုလုပ်

ဧပြီလ ၂ ရက်

ရန်ကုန်မြို့တ​စ်နေရာတွင် ယ​နေ့ ဧပြီလ ၂ ရက် နံနက်ပိုင်းက စစ်​ကောင်စီက ကျင်းပရန်စီစဥ်​နေသည့် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲ​တော်တွင်ပါဝင်ခြင်းမရှိဘဲ ​တော်လှန်သင်္ကြန်အဖြစ်သာထားရှိဖို့ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်​ရေးလှုပ်ရှားမှု တစ်ခုပြုလုပ်ကြသည်။

 

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်ခရိုင်​ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်နှင့် အာဏာရှင်ဆန့်ကျင်​ရေး အင်အားစုများပူး​ပေါင်း​ပြုလုပ်ခြင်းဖြစ်​ကြောင်း သိရသည်။

 

လှုပ်ရှားမှုတွင် လူငယ်များက ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်​ကြွေး​ကြော်သံများဖြင့် ချီတက်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ကြခြင်းဖြစ်သည်။ မိနစ်အနည်းငယ်သာကြာမြင့်သည့် ယ​နေ့ဆန္ဒပြပွဲအပြီးတွင် သပိတ်အတွင်းပါဝင်သည့် အင်အားစုလူငယ်အားလုံး ​အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly