"တော်လှန်သွေးများ ပွက်ပွက်ဆူ ငါတို့ လောင်းလုံးသူ" လောင်းလုံး လူငယ်များချီတက် ဆန္ဒပြ

"တော်လှန်သွေးများ ပွက်ပွက်ဆူ ငါတို့ လောင်းလုံးသူ" လောင်းလုံး လူငယ်များချီတက် ဆန္ဒပြ
Photo : CJ

ဧပြီလ ၁ ရက်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၁ ရက် မနက်ပိုင်းက လောင်းလုံးမြို့နယ်လုံး ဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား ကျောင်းသူများ ဦးဆောင်ပြီး "တော်လှန်သွေးများ ပွက်ပွက်ဆူ ငါတို့ လောင်းလုံးသူ" ဆိုသည့် ဘန်နာ ကိုင်ဆွဲကာ လမ်းလျှောက် ချီတက်  ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အာဏာသိမ်း စစ်တပ် ဦးဆောင်နေသည့် စစ်ကျွန် ပညာရေး ဖြစ်သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသည့် ဒုတိယနေ့တွင် ချီတက်  ဆန္ဒပြခြင်း ဖြစ်သည်ဟု လောင်းလုံး မြို့နယ်လုံး ဆိုင်ရာ အ.က .သ သပိတ်ကော်မတီထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly